News

14-Nov-2016
ကမ္ဘာတစ်ဝန်းလုံးဆိုင်ရာ အားကစား လုပ်ခလစာ ပေးချေမှု စောင့်ကြည့်ရေးအဖွဲ့ (GSSS) သည် ကစားသမားများအတွက် လုပ်ခလစာ ပေးချေရမှု အများဆုံးအသင်း စာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်ရာ ယင်းစာရင်းကို ထိပ်ဆုံးနေရာမှနေ၍ ဦးဆောင်လျက် ရှိသည်မှာ မန်ယူဖြစ်ကြောင်း Sky Sports က ဖော်ပြထားသည်။
13-Nov-2016
မန်ယူနည်းပြ မော်ရင်ညိုသည် ဒဏ်ရာ ပြဿနာဖြင့် ရင်ဆိုင်နေရသည့် ကွင်းလယ် ကစားသမား ဖယ်လိုင်နီကို မန်ယူနှင့် အာဆင်နယ်တို့ ယှဉ်ပြိုင် ကစားသည့် ပရီးမီးယားလိဂ် ပွဲစဉ်၌ ထည့်သွင်း အသုံးပြုနိုင်ခြင်း မရှိမည်ကို အလွန်အမင်း စိုးရိမ်နေကြောင်း Sky Sports က ဖော်ပြထားသည်။
13-Nov-2016
အမေရိကန် ပြည်ထောင်စု ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့် အနိုင် ရသွားခြင်းသည် အမေရိကန် ပြည်ထောင်စုအတွက် ကမ္ဘာ့အထင်ကရ အားကစား ပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိနိုင်ရန် လျှောက်ထားရာတွင် ထိုးနှက်ချက် တစ်ရပ်ဖြစ်လာနိုင်ကြောင်း BBC က ဖော်ပြထားသည်။
13-Nov-2016
စပိန်လာလီဂါကလပ် ဘာစီလိုနာ အသင်းသည် လီဗာပူးကွင်းလယ် ကစားသမား ကော်တင်ညိုကို ခေါ်ယူရန် လေ့လာ စောင့်ကြည့်နေပြီဖြစ်ကာ လာမည့် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ ဈေးကွက် ဖွင့်လှစ်ချိန်တွင် ကော်တင်ညိုကို ခေါ်ယူရန်အတွက် လီဗာပူးနှင့် ၎င်းတို့အကြားတွင် ဆွေးနွေးမှုများ စတင်နိုင်ရန် ဘာစီလိုနာ အသင်း တာဝန်ရှိသူများက မျှော်လင့်ထားကြကြောင်း Sport က ဖော်ပြထားသည်။
10-Nov-2016
ဝေလအသင်း တိုက်စစ်မှူး ဂါရတ်ဘေးလ်သည် ဝေလဘောလုံးအဖွဲ့ချုပ်က တစ်နှစ်တာ စွမ်းဆောင်ရည်များအတွက် ပေးအပ် ချီးမြှင့်လိုက်သည့် အကောင်းဆုံး ကစားသမားဆုကို ၎င်း၏ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ ဖြတ်သန်းမှုအတွင်း ဆဋ္ဌမအကြိမ်မြောက် ဆွတ်ခူး ရယူသွားနိုင်ခဲ့ကြောင်း BBC က ဖော်ပြထားသည်။
10-Nov-2016
အာဆင်နယ် အသင်းသည် အသင်းနောက်ခံ ကစားသမား ဘယ်လာရင်ကို ခြောက်နှစ် သက်တမ်းရှိ စာချုပ်သစ် တစ်ရပ် လက်မှတ် ရေးထိုးကာ အသင်းတွင် ဆက်လက် ထိန်းသိမ်း ထားလိုက်နိုင်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
08-Nov-2016
ဘာစီလိုနာအသင်း တိုက်စစ်မှူး ဆွာရက်ဇ်သည် ဘာစီလိုနာက ဆီဗီလာကို နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် လာလီဂါပွဲစဉ်တွင် အဝါကတ် ပြသခံလိုက်ရသည်ကို ၎င်းအနေနှင့် ကျေနပ်မိပါကြောင်း ဖွင့်ဟပြောကြားလိုက်သည်ဟု Daily Star က ဖော်ပြထားသည်။
08-Nov-2016
မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းနောက်ခံ ကစားသမားများ ဖြစ်ကြသည့် စမောလင်းနှင့် လုခ်ရှောတို့၏ အသင်းအပေါ် ထားရှိသည့် ခံယူချက်များကို မေးခွန်းထုတ်သွားခဲ့ကြောင်း The Miror က ဖော်ပြထားသည်။
08-Nov-2016
ကမ္ဘာ့အဆင့်တစ် နေရာသို့ တက်လှမ်းရောက်ရှိလာခဲ့ပြီ ဖြစ်သည့် ဗြိတိန်တင်းနစ် ကစားသမား အန်ဒီမာရေးသည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပပြီးစီးသွားခဲ့သည့် ပဲရစ်မာစတာ တင်းနစ်ပြိုင်ပွဲတွင် အနိုင်ရ ဗိုလ်စွဲသွားခဲ့ကြောင်း BBC က ဖော်ပြထားသည်။
08-Nov-2016
မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းအနေနှင့် ဝါရင့်ကွင်းလယ်ကစားသမား ကာရစ်ကို အမာခံ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုရန် ဆန္ဒရှိသော်လည်း ကစားသမားဖြစ်သူ၏ အသက်အရွယ်ကြောင့် အခက်တွေ့နေရသည်ဟု ဖွင့်ဟပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
07-Nov-2016
ဂျာမနီနိုင်ငံ အခြေစိုက် Audi ကားထုတ်လုပ်ရေး လုပ်ငန်းစုသည် ရီးရဲလ်မက်ဒရစ် ကစားသမားများနှင့် နည်းပြ ဇီဒန်းတို့ကို ၎င်းတို့ ကုမ္ပဏီထုတ် ကားမော်ဒယ်သစ် တစ်စီးစီ လက်ဆောင်ပေးအပ်လိုက်ပြီ ဖြစ်ကာ ရီးရဲလ်မက်ဒရစ်ကို ပေးအပ်လိုက်သည့် Audi ကားများ၏ တန်ကြေးမှာ ဘာစီလိုနာအသင်းကို ပေးအပ်ခဲ့သည့် ကားများ၏ တန်ကြေးထက် ပိုမိုများပြားကြောင်း Marca က ဖော်ပြထားသည်။
07-Nov-2016
မန်ယူအသင်း တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် မန်ယူက ဆွမ်ဆီးကို သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပရီးမီးယားလိဂ် သမိုင်းကြောင်းတစ်လျှောက် ၂,၅၀၀၀ ပြည့် သွင်းဂိုးကို ရယူသွားနိုင်ခဲ့ကြောင်း OPTA က ဖော်ပြထားသည်။
07-Nov-2016
ဗြိတိန်တင်းနစ်ကစားသမား အန်ဒီမာရေးသည် ပဲရစ်မာစတာ အိုးပင်းတင်းနစ် ပြိုင်ပွဲတွင် ဗိုလ်လုပွဲအဆင့်သို့ တက်လှမ်းရောက်ရှိသွားခဲ့ အပြီး၌ ကမ္ဘာ့အဆင့်တစ် နေရာကို ဆားဘီးယား တင်းနစ်ကစားသမား ဂျိုကိုဗစ်ထံမှနေ၍ လွှဲပြောင်းရယူသွားနိုင်ခဲ့ပြီ ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
07-Nov-2016
မန်စီးတီးအသင်း တိုက်စစ်မှူး အဂူရိုသည် မန်စီးတီးနှင့် မစ်ဒယ်ဘရော့တို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် မန်စီးတီး ကစားသမားဘဝ ဖြတ်သန်းမှုအတွင်း သွင်းဂိုး ၁၅၀ ပြည့်ဂိုးကို သွင်းယူနိုင်ခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။
06-Nov-2016
လက်ဝှေ့လောက အတွင်းသို့ တစ်ကျော့ ပြန်လည် ဝင်ရောက်လာခဲ့သည့် ဖိလစ်ပိုင် လက်ဝှေ့ကစားသမား ပက်ကွီယာအိုသည် အမေရိကန် ပြည်ထောင်စု လတ်စ်ဗီးဂတ်စ်မြို့တွင် WBO ဝယ်လ်တာဝိတ်တန်း ချန်ပီယံဆု စိန်ခေါ်ပွဲစဉ်အဖြစ် အမေရိကန် လက်ဝှေ့ကစားသမား ဂျက်ဆီဗားဂတ်စ်နှင့် ယှဉ်ပြိုင် ထိုးသတ်ခဲ့သည့် ပွဲစဉ်တွင် အမှတ်ဖြင့် အနိုင် ရရှိကာ WBO ဝယ်လ်တာဝိတ်တန်း ရွှေခါးပတ်ကို ဆွတ်ခူးရယူ သွားနိုင်ခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။