News

01-Nov-2016
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) သည် ဘလွန်းဒီအော်ဆု အမည်ဖြင့် ပေးအပ်ချီးမြှင့်ခဲ့သည့် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို လာမည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပမည့် ၂၀၁၆ ခုနှစ်ဆိုင်ရာ စွမ်းဆောင်ရည်မြင့်ဆုများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားမှ စတင်၍ The Best ဆုဟု အမည်ပြောင်းလဲ မှည့်ခေါ်ပေးအပ်သွားတော့မည် ဖြစ်ကြောင်း BBC က ဖော်ပြထားသည်
01-Nov-2016
မလေးရှား အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနသည် လာမည့် ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အာဆီယံနိုင်ငံ ခြောက်နိုင်ငံ ပေါင်းစည်း၍ အိမ်ရှင်ဖြစ်ခွင့်ရရန် ကမ်းလှမ်းသွားမည့် အစီအစဉ်ကို ဦးစီးဦးရွက်ပြု၍ ဆွေးနွေးသွားတော့မည် ဖြစ်ကြောင်း Football Channel Asia က ဖော်ပြထားသည်။
01-Nov-2016
စင်ကာပူနိုင်ငံတွင် ကျင်းပပြီးစီးသွားခဲ့သည့် WTA Finals ရာသီသိမ်း တင်းနစ်ပြိုင်ပွဲတွင် ဆလိုဗက်ကီးယား တင်းနစ်မယ် ဆီဘဲလ်ကိုဗာက ကမ္ဘာ့အဆင့်တစ် နေရာတွင် ရပ်တည်နေသည့် ဂျာမနီ တင်းနစ်မယ် အန်ဂျလစ်ခါဘာကို ၆-၃၊ ၆-၄ ဖြင့် ပွဲလတ်နှစ်ပွဲပြတ် အနိုင်ယူ ဗိုလ်စွဲသွားခဲ့ကြောင်း Mail Online က ဖော်ပြထားသည်။
31-Oct-2016
ဆော်ဒီအာရေဗျ အစိုးရ အာဏာပိုင်များသည် ၂၀၁၈ ကမ္ဘာ့ဖလားဖလား ခြေစစ်ပွဲအဖြစ် ဆော်ဒီအာရေဗျနှင့် ယူအေအီးအသင်းတို့ ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်ကို IS က အကြမ်းဖက် တိုက်ခိုက်မည်ဟု ပွဲမတိုင်မီ ခြိမ်းခြောက်စာ ပေးပို့ခဲ့မှုကို လက်ခံရရှိခဲ့ကြောင်း အတည်ပြု ပြောကြားလိုက်သည်ဟု BBC က ဖော်ပြထားသည်။
31-Oct-2016
ရီးရဲလ်မက်ဒရစ် တိုက်စစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်သည် အသင်းနှင့် စာချုပ်သစ် လက်မှတ်ရေးထိုးရန် အပြီးသတ် သဘောတူညီလိုက်ပြီ ဖြစ်ကာ လက်ရှိစာချုပ်သစ်အရ ဂါရတ်ဘေးလ်မှာ ၂၀၂၂ ခုနှစ် ဇွန်လတိုင်သည်အထိ ရီးရဲလ်မက်ဒရစ် ကစားသမားအဖြစ် ရှိသွားတော့မည် ဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
31-Oct-2016
OPTA အချက်အလက်ရေးရာ ဝက်ဘ်ဆိုက်သည် နည်းပြမိုယက်စ် လက်ထက်တွင် မန်ယူအသင်း၏ ရာသီအဖွင့်ပွဲစဉ် ၁၀ ပွဲအပြီး အမှတ်ရရှိမှုမှာ လက်ရှိနည်းပြ မော်ရင်ညို လက်အောက်တွင် အမှတ်ရရှိထားမှုထက် သာလွန်မှု ရှိကြောင်း ဖော်ပြလိုက်သည်။
26-Oct-2016
မန်ယူအသင်း နည်းပြဘဝ တစ်လျှောက် အကြီးမားဆုံး နောင်တကို အသင်းနည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန်က ထုတ်ပြောလိုက်ပါပြီ။
26-Oct-2016
မန်ချက်စတာကို ရောက်လာပြီးတဲ့နောက် မိမိရဲ့ လူနေမှု ဘဝဟာ စိတ်ပျက် ဝမ်းနည်းစရာ ကောင်းနေကြောင်း မန်ယူအသင်းနည်းပြ မော်ရင်ညိုက ပြောကြားလိုက်ပါတယ်။
25-Oct-2016
၂၀၁၆ ခုနှစ်အတွက် ရွေးချယ်ပေးအပ်မယ့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင် ရွေးချယ်လိုက်တဲ့ ပဏာမ စာရင်းမှာ လက်စတာအသင်း ကစားသမားတွေ ပါဝင်လာပါတယ်
24-Oct-2016
ချယ်လ်ဆီးအိမ်ကွင်းမှာ ၄-၀ ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပေမယ့် ပွဲအပြီးမှာ အပြုံးမပျက်ပဲ ပြိုင်ဘက်ကစားသမားတွေနဲ့ ရယ်ရယ်မောမော ဂျာစီလဲလှယ်ခဲ့ကြတဲ့ မန်ယူကစားသမားတွေကို အသင်းကစားသမားဟောင်း ရွိုင်ယန်ဂစ်က ဝေဖန်လိုက်ပါတယ်။
24-Oct-2016
ချယ်လ်ဆီးအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် မန်ယူအသင်းနည်းပြ မော်ရင်ညိုဟာ အသင်းပရိသတ်တွေကို တောင်းပန်စကား ပြောကြားလိုက်ပါတယ်။
23-Oct-2016
တရုတ်စူပါလိဂ် ကလပ်မှာ နည်းပြလုပ်နေတဲ့ အင်္ဂလန်နည်းပြဟောင်း ဆဗန်ဂိုရန် အဲရစ်ဆင်က မန်ယူအသင်း ခေါင်းဆောင် ရွန်နေးကို ခေါ်ယူဖို့ နောက်ထပ် တစ်ခါ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
23-Oct-2016
ဗလန်စီယာ အသင်းကို ဘာစီလိုနာ ၃-၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဗလန်စီယာ ပရိသတ်တွေကို မက်ဆီက ဆဲရေး တိုင်းထွာခဲ့ကြောင်း သိရပါတယ်။
22-Oct-2016
ချယ်လ်ဆီး အသင်းနဲ့ ပြန်လည် ရင်ဆိုင်ရမယ့်ပွဲမှာ မန်ယူအသင်း ဂိုးသွင်းခဲ့မယ်ဆိုရင် ကလေး တစ်ယောက်လို အရူးအမူး အောင်ပွဲခံမှာ မဟုတ်ဘူးလို့ နည်းပြမော်ရင်ညိုက ပြောကြားလိုက်ပါတယ်။