News

18-Nov-2016
လူငယ်မျိုးဆက်သစ် ကစားသမားများ စင်တင်ဖော်ထုတ်ရေး လုပ်ငန်းစဉ်ကို အလေးအနက်ထား ဆောင်ရွက်နေသည့် မန်စီးတီးအသင်းသည် လူငယ်အဆင့် ပြိုင်ပွဲများတွင် မြို့ခံပြိုင်ဘက် မန်ယူအသင်းကို ဂိုးပြတ်ရလဒ်များဖြင့် ဆက်တိုက်အနိုင်ရရှိခဲ့ကာ မန်စီးတီး လူငယ်အသင်းများတွင် အသင်းကြီးအဆင့်သို့ တက်လှမ်းလာနိုင်မည့် ပါရမီရှင်ပေါင်း များစွာ ရှိနေပြီ ဖြစ်ကြောင်း နည်းပြ ဂွါဒီယိုလာကလည်း ဖွင့်ဟပြောကြားထားသည်ဟု The Mirror က ဖော်ပြထားသည်။
18-Nov-2016
စပါးနှင့် ဝက်စ်ဟမ်းအသင်းတို့သည် မနက်ဖြန် (နိုဝင်ဘာလ ၁၉ ရက်) တွင် ၎င်းတို့နှစ်သင်း ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ပွဲစတင်မီတွင် ဝမ်းနည်းခြင်း တစ်မိနစ် ငြိမ်သက်ရပ်တန့်၍ လွန်ခဲ့သည့် တနင်္ဂနွေနေ့က ကွယ်လွန်သွားခဲ့သော ဆယ်ကျော်သက် ကစားသမားတစ်ဦးအတွက် အောက်မေ့ခြင်း အထိမ်းအမှတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
18-Nov-2016
အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင် ရူနီသည် အင်္ဂလန်က စကော့တလန်ကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အပြီးတွင် ပါတီပွဲတက်၍ အရုဏ်တက်ချိန်ထိတိုင် သောက်စားပျော်ပါးခဲ့ခြင်းအတွက် အင်္ဂလန် လက်ရွေးစင်အသင်း ယာယီနည်းပြ ဆောက်ဂိတ် အပါအဝင် ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများကို ဝန်ချတောင်းပန်လိုက်ပြီ ဖြစ်ကြောင်း Liverpool Echo က ဖော်ပြထားသည်။
18-Nov-2016
အာဆင်နယ်အသင်း ညာနောက်ခံကစားသမား ဘယ်လာရင်သည် စပါးနှင့် အာဆင်နယ်တို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးလားလိဂ်ပွဲစဉ်တွင် ရရှိခဲ့သော ခြေမျက်စိဒဏ်ရာ မသက်သာသည့်အတွက် တစ်လကြာ အနားယူ ဆေးကုသမှု ခံရတော့မည် ဖြစ်ကြောင်း Sky Sports က ဖော်ပြထားသည်။
18-Nov-2016
ဘာစီလိုနာအသင်းသည် ဂျပန် အွန်လိုင်းဈေးရောင်း ဝက်ဘ်ဆိုက် ဖြစ်သည့် ရာကူတန် စီးပွားရေး လုပ်ငန်းစုနှင့် လေးနှစ်သက်တမ်းရှိ စပွန်ဆာစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ကာ ယင်းစာချုပ်၏ တန်ကြေးမှာ ပေါင် သန်း ၂၀၀ ရှိကြောင်း ဘာစီလိုနာက ထုတ်ပြန်ကြေညာထားသည်ဟု Marca က ဖော်ပြထားသည်။
18-Nov-2016
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် မန်ယူနှင့် အာဆင်နယ်တို့ ထိပ်တိုက်တွေ့မည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်ယူနည်းပြ မော်ရင်ညိုကို လက်ဆွဲနှုတ်ဆက်သွားမည်ဟု ဖွင့်ဟပြောကြားလိုက်ပြီး မော်ရင်ညိုနှင့် ၎င်းအကြား၌ သာမန်ဆက်ဆံရေးမျိုး ရှိနေဆဲ ဖြစ်ကြောင်းလည်း အာစင်ဝင်းဂါးက အသိပေးထားသည်ဟု The Mirror က ဖော်ပြထားသည်။
17-Nov-2016
အာဂျင်တီးနား လက်ရွေးစင်အသင်း ကစားသမားများသည် အာဂျင်တီးနားက ကိုလံဘီယာကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲအပြီးတွင် သတင်းမီဒီယာများကို စုရုံးသပိတ်မှောက်ခဲ့ကြကြောင်း Sportmail က ဖော်ပြထားသည်။
17-Nov-2016
အီတလီ လက်ရွေးစင်အသင်း ဂိုးသမား ဘူဖွန်သည် ၎င်း၏ လက်ရွေးစင် ဂိုးသမားဘဝ ဖြတ်သန်းမှုအတွင်း ဂိုးမပေးရသည့် ပွဲစဉ်ပေါင်း ၁၆၇ ပွဲ ပိုင်ဆိုင်ရရှိကာ စပိန်လက်ရွေးစင်အသင်း ဂိုးသမား ကာဆီးလက်စ် တင်ရှိထားသည့် စံချိန်ကို လိုက်မီသွားခဲ့ပြီ ဖြစ်ကြောင်း BBC က ဖော်ပြထားသည်။
17-Nov-2016
ပြင်သစ်နိုင်ငံသား ကျောင်းဆရာတစ်ဦးသည် ပေါ့ဂ်ဘာ၏ အောင်ပွဲခံဟန်ကို ပိုက်သာဂိုရပ်စ် သီအိုရမ်နှင့် ပေါင်းစပ်၍ စာမေးပွဲ မေးခွန်းလွှာတွင် ထည့်သွင်းအသုံးပြုလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
16-Nov-2016
အိမ်ရှင်အဖြစ် ဖိလစ်ပိုင်နိုင်ငံနှင့် ပထမဦးဆုံးအကြိမ် ပူးတွဲ ကျင်းပမည့် ၂ဝ၁၆ ခုနှစ် အာဆီယံ ဆူဇူကီး ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်များ၏ ကြိုတင် လက်မှတ်များကို မနက်ဖြန် (နိုဝင်ဘာ ၁၇ ရက်)တွင် စတင် ရောင်းချမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ ချုပ်က ယနေ့(နိုဝင်ဘာ ၁၆ ရက်)တွင် ထုတ်ပြန်လိုက်သည်။
16-Nov-2016
အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) တာဝန်ရှိသူများသည် အင်္ဂလန်လက်ရွေးစင် အသင်းကို ယာယီနည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်နေသည့် ဆောက်ဂိတ်ကို အမြဲတမ်း နည်းပြရာထူးအတွက် ကမ်းလှမ်းသွားတော့မည်ဖြစ်ကာ ၎င်းတို့ အနေနှင့် ဆောက်ဂိတ်ကို ယူရို ၂၀၂၀ ပြိုင်ပွဲ ပြီးဆုံးချိန်တိုင်သည်အထိ စာချုပ် ချုပ်ဆိုသွားရန် ရည်ရွယ်ထားကြောင်း အက်ဖ်အေ တာဝန်ရှိသူ တစ်ဦးက ဖွင့်ဟပြောဆို သွားခဲ့သည်ဟု Sky Sports က ဖော်ပြထားသည်။
16-Nov-2016
eSports ပြိုင်ပွဲ တည်ထောင်သူများသည် ၎င်းတို့၏ အားကစားနည်းအတွက် လာမည့် ၂၀၁၇ ခုနှစ်မှစတင်၍ ပေါင် သန်း ၄၀၀ ပမာဏရှိ ငွေးကြေး တစ်ရပ်ကို စတင် ရင်းနှီးမြှုပ်နှံတော့မည်ဖြစ်ကာ ကမ္ဘာတစ်လွှားရှိ တီဗီဂိမ်း ဝါသနာရှင်များကို ပရော်ဖက်ရှင်နယ် အဆင့်တွင် တက်ရောက် ရပ်တည်နိုင်စေရန် eSports ပြိုင်ပွဲများက အထောက်အပံ့ ပေးနိုင်သည့်အဆင့်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ပြိုင်ပွဲ၏ စပွန်ဆာ မိတ်ဖက် စီးပွားရေးလုပ်ငန်းစု တစ်ခုဖြစ်သည့် XBOX က ထုတ်ပြန် ကြေညာလိုက်သည်ဟု Sportmail က ဖော်ပြထားသည်။
16-Nov-2016
မန်စီးတီးမှနေ၍ ဆီဗီလာထံသို့ အငှား သွားရောက် ကစားနေသည့် ကွင်းလယ် ကစားသမား နာဆရီသည် မန်စီးတီး နည်းပြ ဂွါဒီယိုလာက အသင်းသားများကို သန်းခေါင်ယံ ကျော်လွန်ချိန်တွင် ဇနီးမယား၊ ချစ်သူ၊ အပျော်မယ်များနှင့် ချစ်တင်း မနှီးနှောရန် မည်သည့်အတွက် တားမြစ်မိန့် ထုတ်ခဲ့သည်ကို ရှင်းလင်း ပြောကြားလိုက်ကြောင်း Marca က ဖော်ပြထားသည်။
15-Nov-2016
အက်သလက်တီကို အသင်းသည် ၎င်းတို့၏ တိုက်စစ်မှူး ဂရစ်ဇ်မန်းအနေနှင့် ပြင်သစ်လက်ရွေးစင် အသင်းကို ကိုယ်စားပြု၍ နိုင်ငံတကာပွဲစဉ်များ ပါဝင်ကစားခဲ့ရာတွင် ခြေဖဝါးရိုး ကျိုးသွားသည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်ဟု Daily Star က ဖော်ပြထားသည်။