News

29-Nov-2016
ဂျမေကာ အပြေးချန်ပီယံ အူလ်စိန်ဘို့လ်ဟာ သူ့ရဲ့အတ္ထုပ္ပတ္တိအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားမိတ်ဆက်ပွဲကို လန်ဒန်မြို့မှာ ကျင်းပလိုက်ပါတယ်။
29-Nov-2016
ဘာစီလိုနာအသင်းသည် ၇ ဂဏန်းဖြင့် အဆုံးသတ်သည့် ဘောလုံးရာသီများတွင် အမှတ်ပေးချန်ပီယံ မဖြစ်တတ်သည့် သမိုင်းမှတ်တမ်းဆိုး ရှိပြီး လက်ရှိ ၂၀၁၆-၁၇ ဘောလုံးရာသီတွင်လည်း ယင်းမှတ်တမ်းဆိုး သမိုင်းတစ်ပတ် ပြန်လည်လာနိုင်သည့် အခြေအနေများကို ဘာစီလိုနာက ရင်ဆိုင်နေရပြီ ဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
29-Nov-2016
မာစီးဒီးစ် ဖော်မြူလာဝမ်း အသင်းကိုယ်စားပြု ဂျာမနီပြိုင် ကားမောင်းသမား နီကိုရော့စ်ဘတ်ဂျ်သည် အဘူဒါဘီပြေးလမ်း ပြိုင်ပွဲတွင် ဒုတိယနေရာမှနေ၍ ပန်းဝင်နိုင်ခဲ့ခြင်းနှင့်အတူ ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးရယူသွားနိုင်ခဲ့ပြီ ဖြစ်ကြောင်း BBC က ဖော်ပြထားသည်။
29-Nov-2016
ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်းတစ်ဦး ဖြစ်သည့် ဂရေဟမ်ပူးလ်သည် မန်ယူနည်းပြ မော်ရင်ညို မှတ်လောက်သားလောက် ဖြစ်သွားစေရန်အတွက် ခြောက်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခြင်းဖြင့် အရေးယူသင့်ကြောင်း အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) စည်းကမ်းထိန်းသိမ်းရေး ကော်မတီကို တိုက်တွန်းလိုက်ကြောင်း Sportmail က ဖော်ပြထားသည်။
28-Nov-2016
မန်ယူအသင်းသည် ဝက်စ်ဟမ်းနှင့် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် အပြီးတွင် ၂၇ နှစ်တာကာလ ဖြတ်သန်းမှုအတွင်း အဆိုးရွားဆုံးသော ရာသီအစကို ကြုံဆုံရင်ဆိုင်လိုက်ရပြီ ဖြစ်ကာ အဆိုပါပွဲစဉ်တွင် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကို ဒေါသတကြီး တုံ့ပြန်ခဲ့သည့် မန်ယူနည်းပြ မော်ရင်ညိုမှာလည်း ပွဲကြီးကြပ်ခွင့် ပိတ်ပင်ပြစ်ဒဏ် ချမှတ်ခံရမည့် အခြေအနေကို ရင်ဆိုင်ကြုံဆုံနေရပြီ ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
28-Nov-2016
အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) သည် အင်္ဂလိပ် ဘောလုံးလောကအတွင်း သက်ငယ်မုဒိမ်းမှုများ ဖြစ်ပွားခဲ့ခြင်းကို တရားဝင် စုံစမ်းစစ်ဆေးမှုများ စတင်လိုက်ပြီ ဖြစ်ကာ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရာတွင် ၎င်းတို့နှင့်အတူ ရဲဌာန လေးခုက ပူးပေါင်း ဆောင်ရွက်ပေးသွားလိမ့်မည် ဖြစ်ကြောင်း အက်ဖ်အေက ထုတ်ပြန်ကြေညာထားသည်ဟု BBC က ဖော်ပြထားသည်။
28-Nov-2016
ဘာစီလိုနာအသင်း တာဝန်ရှိသူများသည် အသင်းတိုက်စစ်မှူး မက်ဆီကို စာချုပ်သစ် ချုပ်ဆိုရန်အတွက် ဆွေးနွေးညှိနှိုင်းသွားတော့မည် ဖြစ်ကာ အဆိုပါ ဆွေးနွေးမှုကို လာမည့် စနေနေ့တွင် ရီးရဲလ်မက်ဒရစ်နှင့် ယှဉ်ပြိုင်ရမည့် အယ်လ်ကလပ်စီကို ဒါဘီပွဲစဉ်အပြီးတွင် စတင်သွားမည်ဟု ဘာစီလိုနာအသင်းက အသိပေးထားကြောင်း Marca က ဖော်ပြထားသည်။
28-Nov-2016
တောင်ကိုရီးယားကလပ် ဂျီအွန်ဘတ်ခ်ဟွန်ဒိုင်းသည် အာရှချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ယူအေအီးကလပ် အယ်လ်အိန်းကို နှစ်ကျော့ပေါင်းရလဒ် သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ယူကာ ချန်ပီယံ ဖြစ်သွားခဲ့ကြောင်း Bangkok Post က ဖော်ပြထားသည်။
27-Nov-2016
အေဂျက်အသင်း အားကစား ဒါရိုက်တာ မက်အိုဗာမားစ်သည် မန်ယူနှင့် ၎င်းတို့အသင်း အကြားတွင် ဒါလေးဘလိုင်း အပြောင်းအရွှေ့အတွက် လူချင်းတွေ့ဆုံခြင်း မရှိဘဲ အီးမေးလ်ကတစ်ဆင့်သာ ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု ဖွင့်ဟပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
27-Nov-2016
မန်ယူနည်းပြ မော်ရင်ညိုသည် အသင်း တိုက်စစ်မှူး မာတီရယ်လ်ကို ကစားခွင့် ရရှိချိန်များ၌ စိတ်ကျေနပ်လောက်ဖွယ်ရာ ခြေစွမ်းမျိုး ထုတ်ဖော်ပြသနိုင်ခြင်း မရှိပါက အနာဂတ် ပျောက်ဆုံး သွားလိမ့်မည်ဟု သတိပေးထားပြီ ဖြစ်ကြောင်း Sky Sports က ဖော်ပြထားသည်။
27-Nov-2016
ရီးရဲလ်မက်ဒရစ်အသင်းသည် စပို့တင်းဂီဂျွန်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင် ရရှိခဲ့သည့် လာလီဂါပွဲစဉ်တွင် Recycle ဂျာစီ အင်္ကျီကို ဝတ်ဆင်၍ ယှဉ်ပြိုင် ကစားသွားခဲ့ကာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းစဉ်များကို လူအများ စိတ်ဝင်စားလာစေရန် ရည်ရွယ်ချက်ဖြင့် ယင်းဝတ်စုံကို ချုပ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ရီးရဲလ်မက်ဒရစ်၏ ဝတ်စုံ စပွန်ဆာ ကုမ္ပဏီ အက်ဒီးဒတ်စ်က အသိပေးသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
25-Nov-2016
ဆူဇူကီးဖလား အုပ်စုမှ ကျွတ်ရန် မြန်မာအသင်း မလေးရှားနှင့်ပွဲတွင် သရေကျရန်သာ လိုသော်လည်း အနိုင် ကစားမည်ဖြစ်ကြောင်း နည်းပြဂတ်ဆီဇီက ပြောကြားသည်။ အုပ်စု (ခ) တွင် ဗီယက်နမ် အသင်းမှာ နှစ်ပွဲ အနိုင်ဖြင့် အုပ်စုမှ တက်သွားပြီဖြစ်ပြီး မြန်မာနှင့် မလေးရှား ဒုတိယ နေရာ လုရမည်ဖြစ်သည်။ လက်ရှိ အနေအထားတွင် နှစ်သင်းစလုံး ရမှတ်တူရှိနေပြီး မြန်မာမှာ ဂိုးကွာခြားချက်ဖြင့် ဒုတိယ နေရာတွင် ရှိနေသည်။
25-Nov-2016
မလေးရှား အစိုးရအဖွဲ့ တာဝန်ရှိသူများသည် မြန်မာနိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ် တာဝန်ယူ ကျင်းပနေသည့် ဆူဇူကီးဖလားပြိုင်ပွဲကို ဆက်လက် ပါဝင်ယှဉ်ပြိုင်သွားမည်ဟု အတည်ပြု ဆုံးဖြတ်လိုက်ပြီ ဖြစ်ကာ ယင်းအတွက် မနက်ဖြန် (နိုဝင်ဘာလ ၂၆ ရက်) တွင် မြန်မာနှင့် မလေးရှားတို့ ဆီမီးဖိုင်နယ် တက်ရောက်ရေး အဆုံးအဖြတ် ကစားရမည့် ပွဲစဉ်မှာ အထမြောက်သွားခဲ့ပြီ ဖြစ်ကြောင်း Channel News Asia က ဖော်ပြထားသည်။
25-Nov-2016
ဗီယက်နမ်ပွဲမှာ ကစားခဲ့တဲ့ မလေးရှားအသင်း ခြေစွမ်းက လေးစားစရာပါပဲ။ မနက်ဖြန်မှာ ကစားရမယ့် ပွဲက တကယ့်ကို ခက်ခဲမယ့်ပွဲပါပဲ။ သူတို့နဲ့ခြေစမ်းပွဲလည်း ကစားထားဖူးပါတယ်။ မနက်ဖြန်မှာ သရေတစ်မှတ်ရရင်ပဲ နောက်တစ်ဆင့်ကို တက်ပြီဖြစ်ပေမယ့် အနိုင်သုံးမှတ် ရရှိဖို့ပဲ ကစားသွားမှာပါ။
25-Nov-2016
ဒီကနေ့ ယှဉ်ပြိုင်ကစားသွားမယ့် အုပ်စ (က) ရဲ့ အုပ်စုနောက်ဆုံး ပွဲစဉ်တွေက ထိုင်းအသင်း ဘယ်လိုကစားသွားလေမလဲဆိုတဲ့ အပေါ်မှာပဲ မူတည်နေပါတယ်။ ထိုင်းနဲ့ ပူးတွဲအိမ်ရှင် ဖိလစ်ပိုင်တို့ရဲ့ ပွဲစဉ်မှာ ဖိလစ်ပိုင်သာ အနိုင်ရသွားခဲ့ရင် စင်ကာပူနဲ့ အင်ဒိုနီးရှားတို့ ဘယ်လောက်ပဲကြိုးစားကြိုးစား ဆီမီးဖိုင်နယ်တက်ခွင့်ကို လက်လွှတ်လိုက်ရတော့မှာပါ။ ထိုင်းကတော့ ရှုံးရှုံးနိုင်နိုင် အုပ်စုပထမနေရာကနေ ရွေ့သွားဖို့ မရှိတော့ပါဘူး။