News

02-May-2019
ပရီးမီးယားလိဂ် အမှတ်ပေးဇယား၏ အဆင့်ငါးနှင့်အဆင့်ခြောက်နေရာတို့တွင် ရပ်တည်နေသော အာဆင်နယ်နှင့် မန်ယူတို့သည် ယင်းရပ်တည်မှုအတိုင်း ရာသီသိမ်းခဲ့မည်ဆိုပါက ရှေ့လာမည့်နှစ်တွင် အမှတ်ပေးချန်ပီယံဆုရရန် ဖြစ်နိုင်တော့မည်မဟုတ်ဟု အစဉ်အလာမှတ်တမ်းများက ညွှန်းဆိုနေကြောင်း Daily Star က ဖော်ပြထားသည်။
02-May-2019
ရီးရဲလ်​မက်​ဒရစ်အသင်းနှင့်​ စပိန်​လက်​​ရွေးစင်​ ဂိုးသမား​ဟောင်း ကာဆီးလက်​သည်​ လက်ရှိကစား​နေသည့်​ ​ပေါ်တိုအသင်းနှင့်​ ပုံမှန်​​လေ့ကျင့်​​ရေးဆင်းပြီး​နောက်​ နှလုံးအ​မော​ဖောက်​ကာ ​ဆေးရုံသို့ တက်​​ရောက်​ကုသမှု ပြုလုပ်​​နေခဲ့ပြီး ယခုအခါ ၎င်း၏ ကျန်းမာ​​​ရေး အ​ခြေအ​နေမှာ ပုံမှန်​ပြန်​ဖြစ်​လာခဲ့ပြီဖြစ်​​ကြောင်း BBC သတင်းတွင်​ ​ဖော်​ပြလာသည်။
01-May-2019
ပေါ်တိုအသင်းတွင် ကစားနေသည့် ရီးရဲလ် မက်ဒရစ်အသင်းနှင့် စပိန်လက်ရွေးစင် ဂိုးသမားဟောင်း ကာဆီးလက်သည် နှလုံးရောဂါ ရုတ်တရက်ဖြစ်လာ၍ ဆေးရုံသို့ တက်ရောက်ကုသမှု ပြုလုပ်နေရကြောင်း The Mirror သတင်းဌာနက ဖော်ပြထားသည်။
01-May-2019
အာဆင်နယ်အသင်းတာဝန်ရှိသူများသည် နည်းပြ အာစင်ဝင်းဂါးနှင့်လမ်းခွဲရန် ဆုံးဖြတ်လိုက်သည်မှာ အာစင်ဝင်းဂါးက ၎င်းကျင့်သုံးနေသော မူဝါဒများကို အပြောင်းအလဲလုပ်၍ ထိပ်တန်းအဆင့်ကစားသမားများကို ငွေကုန်ကြေးကျခံ၍ ခေါ်ယူရန် ကြိုးပမ်းလာခြင်းကြောင့်ဖြစ်သည်ဟု Daily Star က ဖော်ပြထားသည်။
30-Apr-2019
မြန်မာအားကစားအဖွဲ့များဖြစ်သည့် မသန်စွမ်းရေကူး၊ စက်ဘီးနှင့် ရိုးရာလက်ဝှေ့အားကစားအဖွဲ့တို့သည် ပြည်ပနိုင်ငံများတွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ အားကစားပြိုင်ပွဲများကို သွားရောက်ယှဉ်ပြိုင်ရန် ရှိနေသည်။
30-Apr-2019
ဗီယက်နမ် ယူ-၂၃ လက်ရွေးစင် ဘောလုံးအသင်းသည် ယခုနှစ် နှောင်းပိုင်းတွင် ကျင်းပမည့် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် မြန်မာ ယူ-၂၃ လက်ရွေးစင်အသင်းနှင့် လာမည့် ဇွန်လအတွင်း၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားသွားလိမ့်မည်ဖြစ်ကြောင်း Vietnamnews.vn က ဖော်ပြထားသည်။
30-Apr-2019
ဝစ်ရှိုင်းယားရဲတပ်ဖွဲ့သည် ပြင်သစ်လီဂူးကလပ် နန်တက်စ်မှနေ၍ ပရီးမီးယားလိဂ်ကလပ် ကာဒစ်ဖ်ထံသို့ ပြောင်းရွှေ့ရန် ကာဒစ်ဖ်အသင်းအခြေစိုက်ရာ ဝေလနိုင်ငံသို့ လာရောက်စဉ်တွင် လေယာဉ်ပျက်ကျ၍ ကွယ်လွန်သွားခဲ့သော တိုက်စစ်မှူး ဆာလာ၏ ရုပ်အလောင်းဓာတ်ပုံကို အင်တာနက်စာမျက်နှာများထက်သို့ လွှင့်တင်ခဲ့မှုဖြင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
30-Apr-2019
စပိန်လာလီဂါကလပ် အက်သလက်တီကိုအသင်းပိုင် ဝန်ဒါမက်ထရီပိုလီတာနို ဘောလုံးကွင်းကြီးရှေ့ရှိ ကားရပ်နားရာနေရာတွင် အပြာဇာတ်ကားရိုက်ကူးမှု ဖြစ်ပွားခဲ့ပြီး ယခုဇာတ်ကားကို အပြာသရုပ်ဆောင်မင်းသားတစ်ဦးအဖြစ် သရုပ်ဆောင်ရုံသာမကဘဲ ဇာတ်ကားထုတ်လုပ်သူအဖြစ်ပါ လုပ်ကိုင်နေသူ အစ်ဂ်နာဆီယို အယ်လ်လင်ဒေးက ရိုက်ကူးသွားခဲ့ခြင်းဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
30-Apr-2019
မန်ယူနောက်ခံကစားသမား ဘေလ်လီသည် မန်ယူနှင့် ချယ်လ်ဆီးတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဒူးဒဏ်ရာ ပြင်းထန်စွာရရှိသွားခဲ့ခြင်းကြောင့် လာမည့်ဇွန်လတွင်ကျင်းပမည့် အာဖရိကနိုင်ငံများဖလား ဘောလုံးပြိုင်ပွဲကို အိုင်ဗရီကို့စ်လက်ရွေးစင်အသင်းကိုယ်စားပြု၍ ပါဝင်ကစားပေးနိုင်ရန် မသေချာမှုများ ရှိသွားခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
28-Apr-2019
မန်စီးတီးအသင်းသည် အသင်းခံစစ်ကို အင်အားဖြည့်တင်းရန်အတွက် လက်စတာနောက်ခံလူ မာဂွီရေးကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ် အသုံးပြု၍ ခေါ်ယူရန် ပြင်ဆင်နေပြီဖြစ်ပြီး မာဂွီရေးကို ရရှိရန်အတွက် မန်စီးတီးအသုံးပြုဖွယ်ရှိသည့် ပြောင်းရွှေ့ကြေးပမာဏမှာ ပေါင်သန်း ၉၀ ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
28-Apr-2019
နောဝစ်ခ်ျအသင်းသည် အင်္ဂလန်ချန်ပီယံရှစ် ပွဲစဉ် (၄၅) တွင် ဘလက်ဘန်းအသင်းကို နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးသည့်နောက်၌ ၎င်းတို့ကျင်လည်ဖြတ်သန်းခဲ့ဖူးသည့် ပရီးမီးယားလိဂ်သို့ တစ်ကျော့ပြန်လည် တန်းတက်ရောက်လာနိုင်ခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
28-Apr-2019
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အာရှယူ-၁၉ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲအောင်မြင်ရေးအတွက် မြန်မာအသင်းသည် အာရှအင်အားကြီးအသင်းဖြစ်သည့် ဩစတြေးလျအသင်းနှင့် ဧပြီလ ၂၈ ရက် (ယနေ့) ညနေ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
27-Apr-2019
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အာရှယူ - ၁၉ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲအောင်မြင်ရေးအတွက် မြန်မာအသင်းသည် အာရှအင်အားကြီးအသင်းဖြစ်သည့် ဩစတြေးလျအသင်းနှင့် ဧပြီလ ၂၈ ရက် (ယနေ့) ညနေ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
26-Apr-2019
မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် မန်ယူကို စွန့်ခွာရန် သေချာသွားခဲ့ပြီဖြစ်ပြီး မန်ယူအသင်းတာဝန်ရှိသူများနှင့် ၎င်းတို့အကြားရှိ စာချုပ်သစ်ကိစ္စ ဆွေးနွေးနေမှုများအားလုံးကို ဖျက်သိမ်းရပ်ဆိုင်းပစ်လိုက်ပြီဟု ပေါ့ဂ်ဘာ၏အေးဂျင့် ရိုင်အိုလာက အတည်ပြုလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
26-Apr-2019
ချယ်လ်ဆီးလက်ထောက်နည်းပြ ဇိုလာအပါအဝင် နည်းပြအဖွဲ့ဝင်များအားလုံးသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ၎င်းတို့အားလုံးမှာ နည်းပြဆာရီနှင့်အတူ ရာထူးထုတ်ပယ်ခံရနိုင်သည်ဟု ယုံကြည်နေကြပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။