News

POST TYPE

SPORTS

ဆောက်သမ်တန်အသင်းနှင့် ပွဲစဉ်တွင် ပေါ့ဂ်ဘာ အကောင်းဆုံး ခြေစွမ်းပြနိုင်မည်ဟု မော်ရင်ဟို မျှော်လင့်
19-Aug-2016

မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ဆောက်သမ်တန်အသင်းနှင့် ပွဲစဉ်တွင် စတင်ပွဲထွက်ခွင့်ရမည့် ကွင်းလယ်လူ ပေါ့ဂ်ဘာအနေဖြင့် အကောင်းဆုံး ခြေစွမ်းပြနိုင်ရန် မျှော်လင့်နေကြောင်း ပြောဆိုလိုက်သည်။

“ပေါ့ဂ်ဘာဟာ ကမ္ဘာ့အဆင့် ကွင်းလယ်လူ တစ်ယောက်ပါ။ ဘောလုံးပရိသတ်တွေကတော့ အကောင်းဆုံး ကစားသမားဆိုရင် ဂိုးတွေအများကြီး သွင်းရမယ်လို့ပဲ ထင်တတ်ကြပါတယ်။ ဒါပေမယ့် အကောင်းဆုံး ကွင်းလယ်ကစားသမားတွေကတော့ ဂိုးသွင်းဖို့ထက် ပိုတဲ့အချက်တွေ အများကြီး ရှိတတ်ပါတယ်၊ ပထမဆုံး ပွဲထွက်ခွင့်ရတဲ့ပွဲစဉ်မှာ သူ့အနေနဲ့ ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု မော်ရင်ဟိုက ဆိုသည်။

ပေါင် (၉၃) သန်းဖြင့် ဂျူဗင်တပ်စ်မှ မန်ယူသို့ ပြောင်းရွှေ့လာခဲ့သော ပေါ့ဂ်ဘာအား မန်ယူပရိသတ်များက မျှော်လင့်ချက်ထားနေကြပြီး အသင်း၏ အားနည်းနေသော ကွင်းလယ်ကို ဖြည့်ဆည်းပေးနိုင်လိမ့်မည် ဟူ၍လည်း ယုံကြည်နေကြသည်။

မန်ယူအသင်း တိုက်စစ်မှူးသစ် အီဗရာဟီမိုဗစ်ကလည်း ပေါ့ဂ်ဘာမှာ မန်ယူအသင်း၏ ကြယ်ပွင့်ကစားသမား ဖြစ်လာရန် သေချာနေကြောင်း ချီးကျူးစကား ပြောဆိုထားသေးသည်။

Ref: Goal.com