News

POST TYPE

SPORTS

လက်စတာစီးတီးနှင့် မာရက်ဇ်တို့ လေးနှစ် သက်တမ်းတိုး
18-Aug-2016
ပရီးမီးယားလိဂ်၏ လက်ရှှိချန်ပီယံ လက်စတာအသင်းမှာ အသင်း၏ တောင်ပံကစားသမား မာရက်ဇ်အား (၄) နှစ် သက်တမ်းတိုး စာချုပ်တစ်ရပ် ချုပ်ဆိုနိုင်လိုက်ပြီ ဖြစ်သည်။

မာရက်ဇ်အနေဖြင့် ၎င်းစာချုပ်ကြောင့် လက်စတာအသင်းတွင် ၂၀၂၀ ခုနှစ်အထိ ရှိနေတော့မည်ဖြစ်ပြီး အာဆင်နယ်အသင်းမှ ခေါ်ယူမည်ဆိုသည့် အပြောင်းအရွှေ့ ပုံပြင်မှာလည်း အဆုံးသတ်သွားခဲ့သည်။

မာရက်ဇ်အား စာချုပ်သက်တမ်း တိုးမြင့်ကြောင်း ထုတ်ပြန်ထားသည့် သတင်းကို လက်စတာအသင်း၏ အင်တာနက် စာမျက်နှာပေါ်တွင် ရေးသားသွားခဲ့ပြီး အသင်းအနေဖြင့် မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ချနိုင်သော မာရက်ဇ်အတွက် ဂုဏ်ယူကြောင်း ရေးသားထားသည်။

ပြီးခဲ့သည့် ဘောလုံးရာသီက အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးထားခဲ့သော လက်စတာအသင်းသည် ယခုနှစ်ရာသီတွင် ပုံစံကောင်းပျောက်ဆုံးလျက်ရှိပြီး ပရီးမီးယားလိဂ် ရာသီသစ်၏ အဖွင့်ပွဲစဉ်၌ ဟူးလ်စီးတီးအသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

Ref: Goal.com