News

POST TYPE

SPORTS

ရီယိုအိုလံပစ် အမျိုးသား ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် ဘရာဇီးနှင့် ဂျာမနီတို့ ရင်ဆိုင်ရမည်
18-Aug-2016
ရီယိုအိုလံပစ် အမျိုးသား ဘောလုံးပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်များကို ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဘရာဇီးက ဟွန်ဒူးရပ်စ်အသင်းကို ၆-ဝ၊ ဂျာမနီက နိုင်ဂျီးရီးယားကို ၂-၀ ဂိုးဖြင့် အသီးသီး အနိုင်ရရှိခဲ့ကြပြီး ဗိုလ်လုပွဲသို့ ရောက်ရှိသွားခဲ့သည်။

ဘရာဇီးအသင်း၏ အသင်းခေါင်းဆောင် နေမာ ခြေစွမ်းပြမှုနှင့်အတူ ဟွန်ဒူးရပ်စ်အား ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်း ဖြစ်ပြီး ဂျာမနီအသင်းမှာလည်း စတာမန်၊ ပီတာဆန်တို့၏ သွင်းဂိုးများနှင့် နိုင်ဂျီးရီးယားကို အနိုင်ရခဲ့ခြင်းဖြစ်သည်။

ပွဲအစ (၁၅) စက္ကန့်တွင် သွင်းယူခဲ့သည့် ဘရာဇီးတိုက်စစ်မှူး နေမာ၏ ဂိုးမှာ အိုလံပစ်ပြိုင်ပွဲ၏ သမိုင်းတစ်လျှောက် အမြန်ဆုံးသွင်းဂိုးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီး သြဂုတ် (၄) ရက်က မှတ်တမ်းတင်ထားခဲ့သည့် ကနေဒါ အမျိုးသမီးအသင်းမှ တိုက်စစ်မှူး ဘက်ကီ၏ (၁၉) စက္ကန့် စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ဘရာဇီးနှင့် ဂျာမနီအသင်းတို့၏ ဗိုလ်လုပွဲစဉ်အား သြဂုတ်လ (၂၁) ရက်တွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

Ref: BBC