News

POST TYPE

SPORTS

လောင်းကစားဝိုင်းတွင် ရူနီ ပေါင်ငါးသိန်း ရှုံးနိမ့်
14-May-2017 tagged as

မန်ချက်စတာ၊ မေ ၁၄

မန်ယူတိုက်စစ်မှူး ရူနီသည် မန်ချက်စတာမြို့ရှိ 235 ကာစီနိုလောင်း ကစားရုံတွင် လာရောက် ကံစမ်းခဲ့ရာ၌ နှစ်နာရီအတွင်း ပေါင်ငါးသိန်း ရှုံးနိမ့်သည့် အခြေအနေ တစ်ရပ်ကို ရင်ဆိုင်လိုက်ရကြောင်း The Mirror က ဖော်ပြထားသည်။

ရူနီသည် လောင်းကစားခြင်းကို အလွန်အမင်း ခုံမင်သူဖြစ်ပြီး အတိတ်ကာလ၌ ယင်းအချက်ကြောင့်ပင် ၎င်းနှင့် ဇနီးသည်ကောလင်းအကြား စကားအချေအတင် များစွာ ဖြစ်ခဲ့ဖူးသေးသည်။

ရူနီသည် 235 ကာစီနို လောင်းကစားရုံတွင် ကိုယ်ပိုင်အကောင့်(Account)တစ်ခု ဖွင့်လှစ်ထားပြီး မတ်လ ၁၆ ရက်နေ့က ယှဉ်ပြိုင် ကစားခဲ့သည့် မန်ယူက ရော့စတော့ဗ်ကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ယူရိုပါလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်အပြီးတွင် ရူနီမှာ 235 ကာစီနိုရုံသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

ရူနီသည် သန်းခေါင်ယံအချိန်တွင် ကာစီနိုရုံရှိရာသို့ ရောက်လာခဲ့ပြီး VIP အဆင့် ပုဂ္ဂိုလ်များအတွက် သတ်မှတ်ပေးထားသော နေရာတွင် ၀င်ရောက် လောင်းကစားခဲ့ခြင်းဖြစ်ကာ ရူနီမှာ တစ်မိနစ်လျှင် ပေါင်လေးထောင်နှုန်းနီးပါး လောင်းကစားနေခဲ့သည့်အတွက် ယင်းသို့ အရှုံးပမာဏ ကြီးမားသွားခဲ့ရခြင်းဖြစ်ကြောင်း ကာစီနိုရုံတွင် ၎င်းနှင့်အတူရှိနေခဲ့သော မျက်မြင်သက်သေများက ဖွင့်ဟပြောကြားခဲ့ကြသည်။

ရူနီသည် ဇနီးသည်ကောလင်းက သားသုံးယောက်ကို ခေါ်ယူ၍ ခရီးထွက်သွားသည်ကို အခွင့်ကောင်းယူကာ ကာစီနိုရုံသို့ လာရောက်ခဲ့ခြင်းဖြစ်သည်ဟု သတင်းများလည်း ထွက်ပေါ်နေပြီး ၎င်း၏ကစားသမားဘ၀ အစောပိုင်းကာလ၌ လောင်ကစားရုံတွင် တစ်ညတည်းဖြင့် ပေါင်ငါးသောင်း ရှုံးနိမ့်ခဲ့သည်ကို ကောလင်းမှာ အကြီးအကျယ် ဒေါသပေါက်ကွဲခဲ့ဖူးကြောင်း ကိုယ်ရေး အတ္ထုပ္ပတ္တိစာအုပ်တွင် ရူနီက ထည့်သွင်း ရေးသားဖော်ပြခဲ့ဖူးသည်။

သတင်း မီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် ကာစီနိုရုံအတွင်း၌ ရှိနေခဲ့သော မျက်မြင်သက်သေ တစ်ဦးက “ရူနီက ရှုံးမဲ မဲပြီး ကစားခဲ့လို့ အခုလို အရှုံးပမာဏ ကြီးမားသွားခဲ့တာပါ။ သူ့လက်ထဲမှာ ဘီယာပုလင်းတွေ ရှိနေခဲ့ပေမယ့် သူ့ရဲ့ အဓိက ရည်ရွယ်ချက်က လောင်းကစားဖို့ ရောက်လာတာမှန်း လုံးဝ သိသာလွန်းပါတယ်။ သန်းခေါင်ယံလောက်မှာ သူစတင်ရောက်ရှိလာပြီး မနက် နှစ်နာရီကျော်မှပဲ ကာစီနိုရုံကနေ ပြန်ထွက်သွားခဲ့တာပါ”ဟု အသိပေးသွားခဲ့သည်။

  • TAGS