POST TYPE

SPORTS

နှစ် ၂၀ ပြည့် နှစ်ပတ်လည်အတွက် ဇနီးသည်ဗစ်တိုးရီးယားကို ကျွန်းတစ်ကျွန်း ၀ယ်ပေးရန် ဘက်ခမ်း စီစဉ်
14-May-2017 tagged as


မန်ချက်စတာ၊ မေ ၁၄

အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းသည် ၎င်းနှင့်ဇနီးဖြစ်သူ ဗစ်တိုးရီးယားတို့ ဆုံဆည်းခြင်း နှစ် ၂၀ ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဗစ်တိုးရီးယားကို အပန်းဖြေကျွန်းတစ်ကျွန်း ၀ယ်ပေးရန် စီစဉ်နေကြောင်း Daily Mail က ဖော်ပြထားသည်။

ဘက်ခမ်းသည် ဘဟားမားစ်နိုင်ငံရှိ ဧက ၂၅၀ ကျယ်ဝန်းသည့် ကျွန်းတစ်ကျွန်းကို ဗစ်တိုးရီးယားအတွက် ချစ်သက်လက်ဆောင် ပေးအပ်ရန် ရည်ရွယ်ထားပြီး ၎င်းတို့နှစ်ဦး ပထမဆုံး ချိန်းတွေ့ခဲ့သည့် နက်ကာ အပန်းဖြေကျွန်းမှာ ဘက်ခမ်းဝယ်ယူရန် လျာထားသည့် ကျွန်းများအနက် ထိပ်ဆုံးနေရာက ပါရှိနေသည်။

ဘက်ခမ်းသည် လက်ရှိတွင် King Arthur : Legend of the Sword ရုပ်ရှင်ကား စာနယ်ဇင်း မိတ်ဆက်ပွဲကို တက်ရောက်ရန် ဟောလိဝုဒ်သို့ ရောက်ရှိနေပြီး ယခုခရီးစဉ်အတွင်း ဗစ်တိုးရီးယားအတွက် အပန်းဖြေကျွန်းတစ်ကျွန်း ၀ယ်ယူပေးနိုင်ရေးအတွက် ဈေးနှုန်းညှိနှိုင်းမှုများ ဆောင်ရွက်သွားရန် ဘက်ခမ်းက စီစဉ်ထားသည်။

ဒေးဗစ်ဘက်ခမ်းနှင့် ၎င်း၏ဇနီးဖြစ်သူ ဗစ်တိုးရီးယားတို့၏ နှစ်ဦးပေါင်း ကြွယ်ဝမှု ပမာဏသည် လက်ရှိတွင် ပေါင်သန်း ၅၀၀ ကျော်လွန်လာခဲ့ပြီဖြစ်ကာ ဗစ်တိုးရီးယားအတွက် ဆုံဆည်းခြင်း နှစ် ၂၀ ပြည့် အထိမ်းအမှတ် ချစ်သက်လက်ဆောင်အဖြစ် အပန်းဖြေကျွန်း ၀ယ်ပေးရန် ပေါင်ခုနစ်သန်း သုံးစွဲသွားမည်ဟု ဘက်ခမ်းက လျာထားလျက်ရှိသည်။

  • TAGS