POST TYPE
SPORTS
အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်များ မဲခွဲထုတ်ပြန်

လန်ဒန်၊ မတ် ၁၄
အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်(အက်ဖ်အေ)သည် အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်များကို မဲခွဲထုတ်ပြန်လိုက်ပြီဖြစ်ရာ ယခုအဆင့်တွင် ချယ်လ်ဆီးနှင့် စပါး၊ အာဆင်နယ်နှင့် မန်စီးတီးတို့ ထိပ်တိုက် တွေ့သွားခဲ့ကြောင်း BBC က ထုတ်ပြန်ထားသည်။
အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်များ မဲခွဲပွဲကို ချယ်လ်ဆီးနှင့် မန်ယူတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်အပြီးတွင် ချယ်လ်ဆီး အသင်းပိုင် စတမ်းဖို့ဒ်ဘရစ်ခ်ျ ဘောလုံးကွင်း၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းဆီမီးဖိုင်နယ် ပွဲစဉ်များကို ချယ်လ်ဆီး ကွင်းလယ်လူဟောင်း ရုဒ်ဂူးလစ်နှင့် မန်ယူနောက်ခံ လူဟောင်း ဖီးလ်နဗီးလ်တို့က မဲနှိုက်တွဲဖက်ပေးခဲ့ခြင်းဖြစ်သည်။
အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်း ရောက်ရှိလာခဲ့သည့် အသင်းလေးသင်း အနက်တွင် ချယ်လ်ဆီး၊ အာဆင်နယ်နှင့် စပါးတို့မှာ လန်ဒန်မြို့ခံ အသင်းများဖြစ်ကြပြီး လက်ရှိ အခြေအနေများအရ လန်ဒန်မြို့ခံ အသင်းတစ်သင်း ဗိုလ်လုပွဲတက်ရန်မှာ သေချာသွားခဲ့ပြီဖြစ်သည်။
အာဆင်နယ်သည် အက်ဖ်အေဖလားပြိုင်ပွဲ သမိုင်းကြောင်းတစ်လျှောက်တွင် ဆီမီးဖိုင်နယ်အဆင့်သို့ အကြိမ်အရေအတွက် အများဆုံး တက်ရောက်နိုင်သည့် အသင်းအဖြစ် စံချိန်တစ်ရပ်ကို ရေးထိုးနိုင်ခဲ့ပြီဖြစ်ကာ ယခုတစ်ကြိမ်မှာ အာဆင်နယ်အတွက် အသင်းသမိုင်းကြောင်းတစ်လျှောက်တွင် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်သို့ ၂၉ ကြိမ်မြောက် တက်လှမ်းနိုင်ခြင်း ဖြစ်သည်။
အာဆင်နယ်သည် နည်းပြအာစင်ဝင်းဂါး လက်အောက်တွင် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့်သို့ ၁၁ ကြိမ်မြောက် တက်လှမ်းရောက်ရှိခြင်းဖြစ်ကာ ယင်းဆီမီးဖိုင်နယ် ပွဲစဉ်များကို လာမည့် ဧပြီလ ၂၂ ရက်နှင့် ၂၃ ရက်နေ့များ၌ လန်ဒန်မြို့ရှိ ၀င်ဘလေ ဘောလုံးကွင်းတွင် တစ်ကျော့တည်းစနစ်ဖြင့် ကျင်းပသွားလိမ့်မည်ဖြစ်သည်။
-
25-Apr-2018
-
25-Apr-2018
-
25-Apr-2018
-
25-Apr-2018
-
25-Apr-2018
-
25-Apr-2018
-
22-Apr-2018
-
02-Apr-2018