News

POST TYPE

SPORTS

လီဗာပူးကစားသမား ဆာဒီယိုမာနေး ကိုဗစ်ကူးစက်ခံထားရ
03-Oct-2020


လန်ဒန်၊ စက်တင်ဘာ ၃

လီဗာပူးဘောလုံးအသင်းရဲ့ နာမည်ကျော်ကစားသမား ဆာဒီယိုမာနေးဟာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စမ်းသပ်တွေ့ရှိခဲ့ပြီးနောက် တစ်ဦးတည်းသီးခြားကန့်သတ်နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။
လီဗာပူးကလပ်အသင်းရဲ့ ကွင်းလယ်ကစားသမား သီယာဂိုအယ်လ်ကန်တာရာမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ အသင်းကသတင်းထုတ်ပြန်ပြီးနောက် သုံးရက်လောက်အကြာမှာ ဆာဒီယိုမာနေးပါ ကူးစက်ခံထားရတယ်တဲ့သတင်းထွက်ပေါ်လာတာခြင်းဖြစ်ပါတယ်။

ဆီနီဂေါလူမျိုး ဘောလုံးသမား ဆာဒီယိုမာနေးဟာ ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ အပျော့စားရောဂါလက္ခဏာတွေဖြစ်ပေါ်ခံစားခဲ့ရပေမယ့်လည်း လူကောင်းတစ်ယောက်လိုနေထိုင်လျက်ရှိကြောင်း လီဗာပူးအသင်းကဆိုပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိတဲ့ ဆာဒီယိုမာနေးဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ပရီးမီးယားပွဲစဉ်အတွက် အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရတဲ့ပွဲမှာ ပါဝင်ကစားခဲ့ပြီး အသင်းအတွက် ချေပဂိုးစသွင်းပေးနိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ လီဗာပူးဟာ အာဆင်နယ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။