POST TYPE
SPORTS
သက်ထားသူဇာ ကမ္ဘာ့အဆင့် ၅၇ ၌ ဆက်လက်ရပ်တည်လျက်ရှိ
15-Sep-2020
ရန်ကုန်၊ စက်တင်ဘာ ၁၄
အိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်မှုပြုလုပ်နေသည့် မြန်မာ့ ကြက်တောင်မယ် သက်ထားသူဇာသည် စက်တင်ဘာ ၁ ရက်က ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်တွင် ၅၇ နေရာ၌ ဆက်လက်ရပ်တည်နေသည်။
သက်ထားသူဇာသည် တိုကျိုအိုလံပစ်ဝင်ခွင့်ရရန် ၂၀၁၉ ခုနှစ်ကတည်းက ကြိုးပမ်းလာခြင်းဖြစ်ပြီး BWF က ကြီးမှူးကျင်းပသည့် ပြိုင်ပွဲအများစုတွင် ဝင်ရောက်ယှဉ်ပြိုင်ကာ အောင်မြင်မှုများ ရယူနိုင်ခဲ့သည်။
သက်ထား သူဇာသည် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက နိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်မြင်မှု ရယူနိုင်ခဲ့သလို သူမ၏ အိုလံပစ်ဝင်ခွင့် ကြိုးပမ်းမှုများကြောင့်လည်း နိုင်ငံတကာပြိုင်ပွဲများ စဉ်ဆက်မပြတ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
သက်ထားသူဇာသည် နှစ်ဆန်းပိုင်းတွင် နိုင်ငံတကာပြိုင်ပွဲများ ဆက်တိုက်ယှဉ် ပြိုင်ရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲသုံးခုသာ ယှဉ်ပြိုင်ရသေးသည်။
ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်သည် ၂၀၂၁ တိုကျိုအိုလံပစ် ကြက်တောင် ပြိုင်ပွဲ၏ လက်ရည်စစ်ပွဲကာလကို ဇန်နဝါရီ ၄ ရက်မှ မေလ ၂ရက်အထိ သတ်မှတ်ခဲ့ပြီး ယင်းကာလ လေးလအတွင်း ကျင်းပသည့် ပြိုင်ပွဲပေါင်း ၂၀ ကျော်မှ ရလဒ်များကိုသာ တွက်ချက်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
ကမ္ဘာတစ်ဝန်းတွင် ပျံ့နှံ့နေသည့် Covid-19 ကပ်ရောဂါကြောင့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကို တစ်နှစ်နောက် ဆုတ်၍ ၂၀၂၁ ဇူလိုင် ၂၃ ရက်မှ သြဂုတ် ၈ ရက်အထိ ပြန်လည်ကျင်းပရန် ရွှေ့ဆိုင်းထားသည်။
အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်အတွက် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်မှ မေ ၂ ရက် အထိ သတ်မှတ်ထားပြီး ကျင်းပမည့်ပြိုင်ပွဲ ၂၄ ခုမှ ရလဒ်များကိုသာ တွက်ချက်သွားမည် ဖြစ်သည်။
BWF အနေဖြင့် အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်အတွက် တွက်ချက်ရာတွင် ယခင်ရရှိထားသည့် ရမှတ်များကို ဆက်လက်ထည့်သွင်းသွားမည်ဖြစ်ပြီး သက်ထားသူဇာသည် အိုလံပစ်ဝင်ခွင့်တွင် အဆင့် ၂၇ နေရာ ရရှိနေသည်။
ချစ်ဝိုင်း
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
22-Jan-2021
-
22-Jan-2021
-
22-Jan-2021
-
22-Jan-2021
-
22-Jan-2021
-
22-Jan-2021