News

POST TYPE

SPORTS

၁၉၁၄ ခုနှစ်နောက်ပိုင်း ပြင်သစ်အတွက် အသက်အငယ်ဆုံး ပွဲထွက်သူ ဖြစ်လာခဲ့သည့် ကာမာဗင်ဂါ
10-Sep-2020


ပဲရစ်၊ စက်တင်ဘာ ၉

ခရိုအေးရှားနှင့် ရင်ဆိုင်ခဲ့သောနေးရှင်းလိဂ်ပွဲစဉ်တွင် ဒုတိယပိုင်း၌လူစားဝင်အဖြစ် ကစားခွင့်ရခဲ့သည့် ကွင်းလယ်လူ ကာမာဗင်ဂါသည် ၁၉၁၄ ခုနှစ်နောက်ပိုင်း ပြင်သစ်အသင်းအတွက် အသက်အငယ်ဆုံးပွဲထွက်သူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း Goal က ဖော်ပြခဲ့သည်။ 

ရန်းနက်စ်ကြယ်ပွင့်ကာမာဗင်ဂါသည် ပွဲချိန် ၆၃ မိနစ်တွင် ကန်တီ၏နေရာ၌လူစားလဲဝင်ရောက်ခဲ့ပြီး အသက် ၁၇ နှစ်နှင့် ၃၀၃ ရက်တွင် လက်ရွေးစင်အသင်းကြီးအတွက် စတင်ပါဝင်ခွင့်ရခဲ့သည်။ 

ကာမာဗင်ဂါသည် ပြင်သစ်လက်ရွေးစင်အသင်း သမိုင်းတစ်လျှောက် တတိယမြောက် အသက်အငယ်ဆုံးပွဲထွက်သူဖြစ်ခဲ့ပြီး မူရိုက်စ်ဂတ်စတီဂါ နောက်ပိုင်း အသက်အငယ်ဆုံး ပါဝင်ခွင့်ရသူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 

ခရိုအေးရှားကို အနိုင်ရသည့်ပွဲစဉ် ပြီးနောက် ကာမာဗင်ဂါက "ပထမဆုံးအနေနဲ့ကတော့ မိသားစုဝင်တွေနဲ့ ပြင်သစ် လူမျိုးအားလုံးအတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ဒီယုံကြည်မှုက ဘယ်ကနေလာတယ်ဆိုတာ မသိပေမယ့် ကျွန်တော်ကစား သမားဟောင်းကြီးတွေနဲ့ မကြာခဏကစားဖူးသလို ဒီအခြေအနေကကျွန်တော့်ရဲ့ရင့်ကျက်မှုကို ခွင့်ပြုခဲ့ပါတယ်။ အသင်းအတွက် ခေါ်ယူခြင်းခံရတဲ့ ရက်သတ္တပတ်ကတော့ကျွန်တော့်ကို ရူးသွပ်သွားစေပါတယ်"ဟု ဆိုခဲ့သည်။

ငြိမ်းပြည့်