POST TYPE
SPORTS
အဲရစ်ဂါစီယာအတွက် မန်စီးတီးထံသို့ ပေါင် ၇ ဒသမ ၂ သန်းဖြင့် ဘာစီလိုနာအသင်း ပထမဆုံးအကြိမ် တရားဝင်ကမ်းလှမ်း
10-Sep-2020

ဘာစီလိုနာ၊ စက်တင်ဘာ ၉
ဘာစီလိုနာအသင်းသည် မန်စီးတီးလူငယ် အဲရစ်ဂါစီယာအတွက် ပထမဆုံးအကြိမ် တရားဝင်ကမ်းလှမ်းမှုပြုလုပ်ခဲ့ကြောင်း SPORT က ဖော်ပြခဲ့သည်။
မန်စီးတီးအသင်းသည် ယင်းကစားသမားတန်ကြေးကို ပေါင် ၃၆ ဒသမ ၂ သန်းအထိ ဈေးသတ်မှတ်ထားသော်လည်း ၂၀၂၁ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သလို အသင်းမှထွက်ခွာရန် ဆန္ဒရှိနေခြင်းကြောင့် နည်းပါးသည့်ပမာဏဖြင့် လက်လွှတ်ပေးရဖွယ်ရှိသည်။
ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းကိုယ်တိုင်ကလည်း လာမာစီယာ အကယ်ဒမီထွက်ဖြစ်သည့် အဲရစ်ဂါစီယာကိုနူးကမ့်သို့ တကျော့ပြန်ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိသည်။
ဘာစီလိုနာနှင့်အပြောင်းအရွှေ့ သတင်းထွက်နေသည့် အဲရစ်ဂါစီယာက "ကျွန်တော့်ရဲ့ စာချုပ်သက်တမ်းကို ထပ်တိုးဖို့ ရည်ရွယ်ချက် မရှိတာကို ကလပ်အသင်းထံ ပြောထားတာက အမှန်ဖြစ်ပါတယ်။ ဒါပေမဲ့ စပိန်အသင်းနဲ့အတူ နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ မန်ချက်စတာ ကိုပြန်လာမှာဖြစ်ပြီး မန်စီးတီးအသင်း အတွက် အာရုံစိုက်သွားမှာပါ" ဟု ဆိုခဲ့သည်။
အသက် ၁၉ နှစ်အရွယ် အဲရစ်ဂါစီယာသည် မန်စီးတီးအသင်းနှင့် ပါဝင်ခွင့်ရရှိသည့်အစောပိုင်းပွဲစဉ်များတွင် ကွင်းလယ် လူအဖြစ်ကစားခဲ့သော်လည်း နောက်ပိုင်းတွင်နည်းပြဂွါဒီယိုလာက ၄င်းကို ဗဟိုခံစစ်မှူးနေရာတွင် အသုံးပြုခဲ့သည်။
ငြိမ်းပြည့်
-
01-Mar-2021
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021