News

POST TYPE

SPORTS

မာနေးနှင့် ဗန်ဒိုက်ကိုကျော်ဖြတ်ပြီး ပီအက်ဖ်အေတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဒီဘရူနေး ဆွတ်ခူး
10-Sep-2020


မန်ချက်စတာ၊ စက်တင်ဘာ ၉

ပီအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို မန်စီးတီးကွင်း လယ်လူဒီဘရူနေးက ဆွတ်ခူးခဲ့ကြောင်း Dailymail ကဖော်ပြခဲ့သည်။ 

ဒီဘရူနေးသည် ယင်းဆုကိုဆွတ်ခူးသည့်ပထမဆုံး မန်စီးတီးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို ပြီးခဲ့သည့် ဘောလုံးရာသီ ပရီးမီးယားလိဂ်တွင် သွင်းဂိုး ၁၃ ဂိုးနှင့် ဂိုးဖန်တီးမှုအကြိမ် ၂၀ အထိ လုပ်နိုင်ခဲ့သည်။ 

တစ်ရာသီအတွင်း ဂိုးဖန်တီးမှု အကြိမ် ၂၀ အထိလုပ်နိုင်ခဲ့သည့် အာဆင်နယ် တိုက်စစ်မှူးဟောင်း အွန်နရီ၏စံချိန်ကို အမီလိုက်နိုင်ခဲ့သလို ချန်ပီယံလီဗာပူးအသင်း ကစားသမားများကိုကျော်ဖြတ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ 

"ဒါဟာ ဂုဏ်ယူစရာကောင်းပါတယ်။ ပြိုင်ဘက်အသင်းတွေနဲ့လုပ်ဖော်ကိုင်ဖက်တွေက မဲပေးခဲ့ကြတာက အလွန် ပဲစိတ်လှုပ်ရှားစရာပါ။ မန်စီးတီးကစားသမားအဖြစ်နဲ့ ပထမဆုံးရရှိခဲ့တာက ထူးခြားပါတယ်"ဟု ဒီဘရူနေးကဆိုခဲ့သည်။ 

မန်စီးတီးနည်းပြ ဂွါဒီယိုလာနှင့် လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်တို့ကလည်း ဒီဘရူနေးအတွက်ဂုဏ်ယူကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ယင်းဆုကို ဘယ်လ်ဂျီယံကွင်းလယ်လူက ထိုက်တန်စွာ ဆွတ်ခူးခဲ့ခြင်းဖြစ်သည်ဟု ထောက်ခံခဲ့ကြသည်။

ငြိမ်းပြည့်