News

POST TYPE

SPORTS

စီရော်နယ်ဒိုကိုတွင် ဒဏ်ရာမရှိသလို အနားပေးထားခြင်းလည်းမဟုတ်ဟု နည်းပြဆန်းတို့စ် ရှင်းလင်း
07-Sep-2020


လစ္စဘွန်း၊ စက်တင်ဘာ ၆

ခရိုအေးရှားနှင့် နေးရှင်းလိဂ်ပွဲစဉ်တွင် ပေါ်တူဂီအသင်းအတွက် စီရော်နယ်ဒိုမပါဝင်ခဲ့သော်လည်း နည်းပြဆန်းတို့စ်၏ အသင်းက ၄-၁ ဖြင့် ဂိုးပြတ်အနိုင်ရခဲ့သလို လာမည့်ဆွီဒင်နှင့်ပွဲစဉ်တွင်လည်း ကြယ်ပွင့်တိုက်စစ်မှူးပါဝင်ရန် မသေချာကြောင်း Goal  ကဖော်ပြခဲ့သည်။ 

လက်ရှိတွင် စီရော်နယ်ဒိုသည်ဒဏ်ရာပြဿနာမရှိသော်လည်း ခြေချောင်းကူးစက်ရောဂါတစ်မျိုးခံစားနေရပြီး ယင်းဖြစ်စဉ်မှာ ပျားတုတ်ခံရခြင်းကြောင့် ဖြစ်နိုင်သည်ဟု ဆန်းတို့စ်က ဆိုခဲ့သည်။ 

စီရော်နယ်ဒိုနှင့်ပတ်သက်၍ နည်းပြဆန်းတို့စ်က “ကျွန်တော်သူ့ကို အနားမပေးထားပါဘူး။ တကယ်လို့ပုံစံကောင်းရှိနေမယ်ဆိုရင် ပွဲထွက်စာရင်းမှာ ပါဝင်လာပါလိမ့်မယ်။ ဒီနေ့အထိတော့ အသင်းနဲ့အတူ လေ့ကျင့်နေပြီး ဆွီဒင်ခရီးစဉ်ကို လိုက်ပါလာပါလိမ့်မယ်။ စောင့်ကြည့်ရ မှာပါ။ ဘာဒဏ်ရာမှမရှိလို့ ရောဂါကူးစက်မှုကနေ ပြန်ကောင်းလာဖို့သာ လိုပါတယ်” ဟုပြောကြားခဲ့သည်။ 

ပေါ်တူဂီအသင်းသည်ပထမဆုံးအကြိမ်ကျင်းပခဲ့သည့် နေးရှင်းလိဂ်ပြိုင်ပွဲ တွင် ဗိုလ်စွဲထားပြီး ချန်ပီယံဆုကိုကာကွယ် ရန် ကြိုးစားရမည်ဖြစ်သလို လက်ရှိနေးရှင်းလိဂ် ပြိုင်ပွဲလိဂ်-ဗ၊ အုပ်စု-၃တွင်  ပြင်သစ်၊ ဆွီဒင်၊ ခရိုအေးရှားတို့နှင့်တစ် အုပ်စုတည်း ကျရောက်လျက်ရှိသည်။

ငြိမ်းပြည့်