POST TYPE
SPORTS
မက်ဆီကိုနူးကမ့်တွင် ဆက်ရှိနေစေလိုသည်ဟု ပြိုင်ဘက်နောက်ခံလူရာမို့စ် ဝန်ခံ
04-Sep-2020

ဘာစီလိုနာ၊ စက်တင်ဘာ ၃
ရီးရဲလ်အသင်းခေါင်းဆောင် ရာမို့စ် က မက်ဆီအနေနှင့် အနာဂတ်အတွက် ဆုံးဖြတ်ချက်ကို အလေးစားဆုံးပုံစံဖြင့် ချမှတ်သင့်သည်ဟု အကြံပေးခဲ့ကြောင်း Marca က ဖော်ပြခဲ့သည်။
လာလီဂါတွင် အယ်လ်ကလက်စီကို ဒါဘီပြိုင်ဘက်များအဖြစ် အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရသော်လည်း မက်ဆီကိုနူးကမ့်တွင်သာ ဆက်ရှိနေစေလိုသည်ဟု ရာမို့စ် ကဝန်ခံခဲ့သည်။
မက်ဆီကိုယ်တိုင်က နွေဈေးကွက်အတွင်း အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့် တောင်းခံထားသော်လည်း စာချုပ်ဖျက်ကြေး ပေါင်သန်း ၆၃၀ မှာ လက်ရှိအချိန်အထိ အကြုံးဝင်နေဆဲဖြစ်သောကြောင့် လာလီဂါအဖွဲ့ချုပ်က အလွတ်ပြောင်းရွှေ့ခွင့်ကို ပိတ်ပင်ထားသည်။
မက်ဆီနှင့်ပတ်သက်၍ ရာမို့စ်က "မက်ဆီဟာ သူ့ရဲ့အနာဂတ်ကိုလေးစားမှုရှိရှိနဲ့ ဆုံးဖြတ်မယ်ထင်ပါတယ်။ အကောင်း ဆုံးနည်းလမ်းနဲ့ ဖြေရှင်းဖို့ရှိနေသလား ဆိုတာကိုတော့ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ စပိန်ဘောလုံး၊ ဘာစီလိုနာနဲ့ ကျွန်တော်တို့အတွက်ပါ အကောင်းဆုံးတွေ ဖြစ်စေချင်ပါတယ်။ ကျွန်တော်တို့ကတော့ သူ့ကို ဘာစီလိုနာမှာ ဆက်ရှိနေစေချင် ပါတယ်"ဟု ဝန်ခံခဲ့သည်။
ဆက်လက်ပြီး ရာမို့စ်က မက်ဆီအနေနှင့် အနာဂတ်အတွက်ဆုံးဖြတ်ချက်ကို တစ်ဦးတည်းအမြင်ဖြင့်သာ ချမှတ်သင့်ဟု ဆိုခဲ့သည်။
လက်ရှိတွင်မက်ဆီ၏ဖခင်ဖြစ်သူသည် ဘာစီလိုနာဥက္ကဋ္ဌဘာတိုမြူနှင့် ထိပ်တိုက်တွေ့ဆုံနေပြီး အနာဂတ်အတွက် ဆုံးဖြတ်ချက်ကိုချမှတ်ရန် ပြင်ဆင်နေသည်။
ငြိမ်းပြည့်
-
01-Mar-2021
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021