News

POST TYPE

SPORTS

ဗလန်စီယာတောင်ပံကစားသမား ဖာရန်တောရက်စ်ကို ပေါင် ၂၀.၈၆ သန်းအပါအဝင် အပိုဆုကြေးပေး၍ မန်စီးတီးခေါ်ယူရန် နီးစပ်လာ
31-Jul-2020


မန်ချက်စတာ ၊ ဇူလိုင် ၃၀

မန်စီးတီးအသင်းသည် ဆာနေး၏နေရာတွင် အစားထိုးမှုတစ်ခုပြုလုပ်နိုင်ရန် နီးစပ်မှုရှိနေပြီဖြစ်ကြောင်း Dailymail ကဖော်ပြခဲ့သည်။ 

အီတီဟတ်မှ ဆာနေးထွက်ခွာခဲ့ပြီးနောက် ယင်းနေရာအတွက်အစားထိုးရန် ဗလန်စီယာလူငယ်ကြယ်ပွင့် ဖာရန်တော ရက်စ်ကိုချိတ်ဆက်ခဲ့ပြီး လက်ရှိတွင်ကစားသမားနှင့်ပုဂ္ဂိုလ်ရေးရာ သဘောတူညီမှုများရယူနိုင်ခဲ့ပြီဖြစ်သည်။ 

စပိန်ယူ-၂၁ လက်ရွေးစင် ဖာရန်တောရက်စ်အတွက် မန်စီးတီးအသင်းက ပေါင် ၂၀ ဒသမ ၈၆ သန်းအပြင် အပိုဆုကြေးပေး၍ ၅ နှစ်စာချုပ်ချုပ်ဆိုသွားမည်ဟု သိရသည်။ 

၎င်းအတွက် ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေးအတွက် ဆွေးနွေးရန်သာကျန်ရှိနေပြီး ဗလန်စီယာအသင်းဘက်မှ ပေါင်သန်း ၄၀ အထိ အလိုရှိသော်လည်း မန်စီးတီးအသင်းက ကနဦးပြောင်းရွှေ့ကြေးကို ပေါင် ၂၇ ဒသမ ၂ သန်းသာ ပေးချေရန်ရှိနေပြီး ကစားသမား၏ခြေစွမ်းအရ ထပ်ဆောင်းအပိုကြေးများပေးသွားရန် စီစဉ်ထားသည်။ 

ဖာရန်တောရက်စ်သည် ဗလန်စီယာအသင်းနှင့် စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲသို့ ရောက်ရှိနေပြီဖြစ်သောကြောင့်  မန်စီးတီးအသင်းအနေနှင့်ကာလပေါက် ဈေးထက်နည်းပါးသည့် အနေအထားဖြင့် ခေါ်ယူနိုင်ရန်နီးစပ်မှုရှိခဲ့ခြင်းဖြစ်သည်။ 

မန်စီးတီးအသင်း အားကစား ဒါရိုက်တာဘီဂီရီစတိန်းကိုယ်တိုင်ကလည်း နွေဈေးကွက်တွင် ကစားသမား အပြောင်းအရွှေ့ကိစ္စရပ်များကို အလျင်အမြန်လုပ်ဆောင်မည်ဟု ယခုတစ်ပတ် အစောပိုင်းက ထုတ်ဖော်ပြောကြားထားသည်။

ငြိမ်းပြည့်