News

POST TYPE

SPORTS

အောင်လနှင့် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံလုမည့် ပြိုင်ဘက်ထွက်ပေါ်
09-Feb-2020


ရန်ကုန်၊ ဖေဖော်ဝါရီ ၈

One Championship (MMA) ဝိတ်တန်းနှစ်ခုချန်ပီယံ မြန်မာပြည်ဖွားအောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် နယ်သာလန်နိုင်ငံသား Reinier De Ridder နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အောင်လအန်ဆန်သည် ယခုနှစ်အတွင်း စိန်ခေါ်ပွဲခြောက်ပွဲခန့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပထမဆုံးပွဲစဉ်အဖြစ် Reinier De Ridder နှင့် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ ချန်ပီယံ ကာကွယ်ပွဲအပါအဝင် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံကာကွယ်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

“ကျွန်တော့်ရဲ့ ချန်ပီယံခါးပတ်ကို စိန်ခေါ်နိုင်ဖို့အတွက် ယှဉ်ပြိုင်ထိုးသတ်ရတဲ့ အရေးကြီးတဲ့ပွဲစဉ်မှာ အနိုင်ရရှိသွားတဲ့ Reiner ကို ဂုဏ်ပြုပါတယ်။ သိပ်မကြာခင်အချိန်မှာ ချန်ပီယံခါးပတ်အတွက်ပြိုင်ပွဲ ကြိုးဝိုင်းမှာ ရင်ဆိုင်ထိုးသတ်ဖို့အတွက် မျှော်လင့်ပါတယ်”ဟု အောင်လက ပြောကြားသည်။

Reinier De Ridder သည် အင်ဒိုနီးရှားနိုင်ငံ၌ ဖေဖော်ဝါရီ ၇ ရက်က ကျင်းပခဲ့သည့် One Championship ပြိုင်ပွဲတွင် ပြိုင်ဘက်ဘရာဇီးလ်နိုင်ငံသား Leandro Ataides ကို အနိုင်ရရှိကာ အောင်လကို စိန်ခေါ်ခွင့်ရရှိခဲ့သည်။

ဥရောပရောနှောကိုယ်ခံပညာပြိုင် ပွဲချန်ပီယံ Reinier De Ridder သည် ကိုယ်ခံပညာရှင်ဖြစ်ပြီး အသက် ၅ နှစ် အရွယ်မှစ၍ ဂျူဒိုတွင် လေ့ကျင့်သင်ကြားခြင်းဖြင့် ဘရာဇီး - ဂျူဂျစ်ဆုနှင့်အရွယ် ရောက်သူအဖြစ် ကစားခြင်းကိုပြုလုပ်ခဲ့သည်။ ထိုအချိန်မှစ၍ ဥရောပတစ်ခွင် တွင် ဆုတံဆိပ်များစွာရရှိထားပြီး One Championship ပြိုင်ပွဲ ၁၂ ပွဲ ကစားထားပြီး အချိန်တွင် ရှုံးပွဲမရှိသေးသည့် ကစားသမားတစ်ဦးဖြစ်သည်။

ချစ်ဝိုင်း