News

POST TYPE

SPORTS

မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ အနိုင်ရ ကွာတားဖိုင်နယ်တက်
12-Sep-2019


ရန်ကုန်၊ စက်တင်ဘာ ၁၂

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပနေသော နိုင်ငံတကာကြက်တောက်ရိုက်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ကြက်တောင်မယ် သက်ထားသူဇာက ထိုင်းကြက်တောင်မယ် ဆာလန်ပွန်းကို နှစ်ပွဲပြတ်အနိုင်ရပြီး ကွားတာဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သည်။

သက်ထားသူဇာသည် ဆာလန်ပွန်းကို ၂၁ မှတ် ၁၀ မှတ်၊ ၂၁ မှတ် ၁၄ မှတ်တို့ဖြင့် နှစ်ပွဲပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။

“ထိုင်းကို အနိုင်ရလိုက်တာက နိုင်ငံတကာ ပွဲစဉ် အတွေ့အကြုံတွေ ကွာခြားတာပါတယ်”ဟု သက်ထားသူဇာက ပြိုင်ပွဲအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

မြန်မာ့လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာသည် ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၇၃ တွင် ရပ်တည်နေပြီး သူနှင့်ယှဉ်ပြိုင်ခဲ့သော ထိုင်းလက်ရွေးစင်ကြက်တောင်မယ် ဆာလာပွန်းမှာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၈၈၄ တွင် ရပ်တည်နေသူဖြစ်သည်။

ယနေ့ ပြိုင်ပွဲသည် နိုင်ခြေများသော ပွဲစဉ်ဟုခန့်မှန်းမိကာ စိတ်ကျေနပ်မှုရရှိသော်လည်း လာမည့်ပြိုင်ပွဲများတွင် ပို၍ ခက်ခဲနိုင်ဖွယ်ရှိကြောင်း သက်ထားသူဇာ၏ ဖခင်နှင့်နည်းပြဖြစ်သူ ဦးထွန်းထွန်းဇော်က မှတ်ချက်ပေးသည်။




  • VIA