News

POST TYPE

SPORTS

အိုဆာဆူနာနှင့် လာလီဂါပွဲစဉ်ကို ဘာစီလိုနာတိုက်စစ်မှူးမက်ဆီ ထပ်မံလွဲချော်ဖွယ်ရှိ
29-Aug-2019



ဘာစီလိုနာ၊ သြဂုတ် ၂၉

အာဂျင်တီးနားနှင့်အတူ ကိုပါအမေရိကပြိုင်ပွဲသွားရောက်ကစားခဲ့ပြီးနောက် ခြေသလုံးဒဏ်ရာရရှိခဲ့သည့် မက်ဆီမှာ ယခုတစ်ပတ်ကစားမည့်အိုဆာဆူနာနှင့် လာလီဂါပွဲစဉ်-၃ ကိုပါထပ်မံလွဲချော်ဖွယ်ရှိနေဟု Daily mail က ဖော်ပြခဲ့သည်။ 

အသက် ၃၂ နှစ် အရွယ်မက်ဆီသည် ဘက်တစ်နှင့်ပွဲစဉ်မတိုင်မီတွင် တစ်ဦးတည်းလေ့ကျင်းခန်းများ ပြန်လည်ပြုလုပ်နေခဲ့သော်လည်း အဆိုပါပွဲစဉ်ကို ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိပေ။ ဘာစီလိုနာအသင်းဆေးအဖွဲ့ဝင်များက ပွဲကစားရန်အတွက် အဆင်သင့်အနေအထားရှိနေပြီဟု အကြောင်းပြန်ထားသော်လည်း ပုံမှန်အတိုင်းကြံ့ခိုင်မှုပြန်ကောင်းရန်အတွက်ကိုမူ အချိန်အနည်းငယ်ယူရလိမ့်ဦးမည်ဟုသတင်းထွက်လာခြင်းဖြစ်သည်။ 

နည်းပြဗယ်လ်ဗာဒီကိုင်တိုင်က မက်ဆီအမြန်ဆုံးပြန်လာနိုင်ရန် ဆန္ဒရှိသော်လည်း အသင်းနှင့်အတူအလျင်အမြန် ပွဲထုတ်ရန် မစဉ်းစားသေးပေ။ ဗယ်လ်ဗာဒီသည် ဘက်တစ်နှင့်ပွဲစဉ်အပြီး မီဒီယာများနှင့်တွေ့ဆုံမှုတွင် မက်ဆီနှင့်ပတ်သတ်၍ အပေါင်းလက္ခဏာမဆောင်သည့်ပုံစံမျိုး ထုတ်ဖော်ပြောကြားသွားခဲ့သည်။ ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီက “ကျွန်တော်တို့အမြဲတမ်းပြောလေ့ရှိပါတယ်။ ဒဏ်ရာဟောင်းအကင်းမသေချိန်မှာ ဘယ်ကစားသမားကိုမှ အတင်းအကြပ်ဖိအားပေးပွဲထုတ်မှာမဟုတ်ပါဘူး”ဟု ဆိုခဲ့ခြင်းကြောင့် မက်ဆီကို အိုဆာဆူနာနှင့်ပွဲစဉ်တွင် မြင်တွေ့ရရန်အခြေအနေနည်းပါးနေသည်။ မက်ဆီအပြင်အခြားသော တိုက်စစ်မှူးတစ်ဦးဖြစ်သည့် ဆွာရက်ဇ်မှာလည်းဒဏ်ရာကြုံနေခြင်းကြောင့် အိုဆာဆူနာနှင့်ပွဲစဉ်တွင် ဘာစီလိုနာအသင်းတိုက်စစ်ကို ဂရေ့ဇ်မန်းတစ်ဦးတည်းကသာ ဦးဆောင်ရဖွယ်ရှိနေသည်။

ငြိမ်းပြည့်