News

POST TYPE

SPORTS

မြန်မာ့လက်ရွေးစင်အသင်းနှင့် ဂျပန်အသင်းတို့၏ ခြေစစ်ပွဲအတွက် ကြိုတင်လက်မှတ်များ ရောင်းချမည်
29-Aug-2019


ရန်ကုန်၊ သြဂုတ် ၂၉

၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ်စက်တင်ဘာ၁၀ရက်တွင်ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် ဂျပန်လက်ရွေးစင်အသင်းတို့၏ပွဲအတွက် ကြိုတင်လက်မှတ်များကို စက်တင်ဘာ ၅ရက်မှစတင်ကာ ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

မြန်မာ့လက်ရွေးစင်အသင်းနှင့် ဂျပန်လက်ရွေးစင်အသင်းတို့သည် ၂၀၂၀ကမ္ဘာ့ဖလားအာရှဇုန် (ဒုတိယအဆင့်) ခြေစစ်ပွဲအဖြစ် လာမည့်စက်တင်ဘာ ၁၀ ရက် ည ၆ နာရီ ၅၀ မိနစ်တွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ အဆိုပါပွဲစဉ်အတွက် ကြိုတင်လက်မှတ်တွေကို စက်တင်ဘာ ၅ ရက်မှ စတင်ကာ သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်း၊ ပဒုမ္မာကွင်းနှင့် လှည်းတန်းစင်တာတို့တွင် ရောင်းချပေးမည်ဖြစ်သည်။

အဆိုပါ ပွဲစဉ်အတွက် ကွင်းဝင်ကြေးများကို အထူးတန်း ၅၀၀၀ ကျပ်၊ အရှေ့ဘက်ပွဲကြည့်စင်တန်း ၃၀၀၀ ကျပ်နှင့် ရိုးရိုးတန်း ၂၀၀၀ ကျပ် သတ်မှတ်ထားသည်။ မြန်မာနှင့် ဂျပန်လက်ရွေးစင်အသင်းခြေစစ်ပွဲစဉ်ကို Channel 7 ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ပြီး MRTV နှင့် MRTV Sport ရုပ်သံလိုင်းတို့မှလည်း ပြသနိုင်ရန် ညှိနှိုင်းလျက်ရှိနေသည်။ ထို့အပြင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၏ ရုပ်သံပါတနာဖြစ်သည့် MY SPORTS Facebook Page မှလည်း တိုက်ရိုက်ပြသမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့် ခြေစစ်ပွဲတွင် အုပ်စု (F) ၌ ဂျပန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊၊ မွန်ဂိုလီးယားတို့နှင့် အတူကျရောက်နေသည်။

ဇော်သုတ


  • VIA