News

POST TYPE

SPORTS

မြန်မာ့ပိုက်ကျော်ခြင်းလုံးအားကစားအဖွဲ့ ရွှေတံဆိပ် ၂ ခု၊ငွေတံဆိပ် ၁ ခု ဆွတ်ခူးရရှိထား
28-Aug-2019


ရန်ကုန်၊ သြဂုတ် ၂၈

၃၄ ကြိမ်မြောက် ထိုင်းဘုရင့်ဖလားနိုင်ငံတကာ ပိုက်ကျော်ခြင်းပြိုင်ပွဲဝင် မြန်မာ့ပိုက်ကျော်ခြင်း အားကစားအဖွဲ့သည့် သြဂုတ် ၂၇ ရက် ပြိုင်ပွဲအပြီးတွင် ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၁ ခု၊စုစုပေါင်းဆုတံဆိပ် ၃ ခု ဆွတ်ခူးရရှိထားသည်။

မြန်မာ့ပိုက်ကျော်ခြင်း အားကစားအဖွဲ့သည် အဆိုပါ ၃၄ ကြိမ်မြောက် ထိုင်းဘုရင့်ဖလားနိုင်ငံတကာ ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ အမျိုးသား၊ အမျိုးသမီးကစားသမား စုစုပေါင်း ၃၀ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲအပြီးတွင် ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၁ ခု၊ စုစုပေါင်း ဆုတံဆိပ် ၃ ခု ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာ့ပိုက်ကျော်ခြင်း အားကစားအဖွဲ့အတွက် ရွှေတံဆိပ် ၂ ခုကို အမျိုးသား double regu ပြိုင်ပွဲတွင် မြန်မာ့အမျိုးသားအသင်းက တောင်ကိုရီးယားအသင်းကို အနိုင်ရခဲ့ပြီး ရွှေတံဆိပ်ရရှိခဲ့သလို အမျိုးသမီး double regu ပြိုင်ပွဲတွင်လည်း မြန်မာ့အမျိုးသမီးအသင်းကလည်း လာအိုအသင်းကို အနိုင်ယူကာ ရွှေတံဆိပ်ရရှိခဲ့သည်။

မြန်မာ့အမျိုးသမီးအသင်းမှာ Hood ပြိုင်ပွဲတွင် ဗိုလ်လပွဲသို့ တက်ရောက်နိုင်ခဲ့သော်လည်း ဗိုလ်လုပွဲတွင် အိမ်ရှင်ထိုင်းအသင်းကို ရှူံးနိမ့်ကာ ဒုတိယငွေတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ ၃၄ ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို စက်တင်ဘာ ၁ ရက်အထိ ထိုင်းနိုင်ငံတွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာ့ပိုက်ကျော်ခြင်းအားကစားအဖွဲ့မှာ ပြိုင်ပွဲများတက်လက်ယှဉ်ပြိုင်နေသည်။

ဇော်သုတ



  • VIA