News

POST TYPE

SPORTS

တရုတ်ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းကစားသမား ၂၂ ဦးဖြင့် လေ့ကျင့်နေ
28-Aug-2019


ရန်ကုန်၊ သြဂုတ် ၂၈

တရုတ်လေးနိုင်ငံဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းသည် ပဏာမကစားသမား ၂၂ ဦးဖြင့် လေ့ကျင့်မှုများပြုလုပ်နေကြောင်း မြန်မာဖူဆယ်လိဂ်ကော်မတီဥက္ကဋ္ဌ ဦးကြည်မင်းသိန်းက ပြောသည်။ 

အဆိုပါ တရုတ်လေးနိုင်ငံဖိတ်ခေါ် ဖူဆယ်ဘောလုံးပြိုင်ပွဲကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လာမည့် စက်တင်ဘာ ၇ ရက်မှ ၁၀ ရက်အထိ လက်ခံကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲသို့ အိမ်ရှင်တရုတ်အသင်းအပါဝင် မြန်မာ၊ မက္ကဆီကို၊ မလေးရှားအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းသည် မူလက အဆိုပါပြိုင်ပွဲအတွက် ကစားသမား ၃၀ ဦးဖြင့် စတင်လေ့ကျင့်ခဲ့သော်လည်း လက်ရှိတွင် ကစားသမား ၈ ဦးကို လျှော့ချကာ ကစားသမား ၂၂ ဦးဖြင့် လေ့ကျင့်နေခြင်းဖြစ်သည်။

ဦးကြည်မင်းသိန်းက “ပဏာမကစားသမား ၃၀ ဦးထဲက ၈ ဦးကို လျှော့ချပြီး ကစားသမား ၂၂ ဦးနဲ့ လေ့ကျင့်မှုတွေပြုလုပ်နေပါတယ်။ အာဆီယံဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲမတိုင်ခင် ကြိုတင်ပြင်ဆင်မှုပြုလုပ်တဲ့အနေနဲ့ တရုတ်ဖိတ်ခေါ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တာပါ”ဟု ဆိုသည်။ 

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် စက်တင်ဘာ ၇ ရက်တွင် အိမ်ရှင်တရုတ်လက်ရွေးစင်အသင်းနှင့်လည်းကောင်း၊ စက်တင်ဘာ ၈ ရက်တွင် မက္ကဆီက ိုအသင်းနှင့်လည်းကောင်း၊စက်တင်ဘာ ၁၀ ရက်တွင ်မလေးရှားအသင်းနှင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဇော်သုတ


  • VIA