News

POST TYPE

SPORTS

ဒဏ်ရာကြောင့် အမ်ဘာပီ တစ်လခန့် အနားယူရမည်
27-Aug-2019


ပဲရစ်၊ သြဂုတ် ၂၇

တူးလော့အသင်းအား ၄-၀ ဖြင့် အနိုင်ရခဲ့သော ပွဲစဉ်တွင် ရရှိခဲ့သော တံကောက်ကြောဒဏ်ရာကြောင့် ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပီသည် တစ်လခန့် အနားယူရတော့မည်ဟု သိရသည်။

အမ်ဘာပီသည် အဆိုပါပွဲစဉ်၏ ပွဲချိန် ၆၆ မိနစ်တွင် ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကာ ဇာဂရီနှင့် လူစားလဲခြင်းခံခဲ့ရသည်။ ထို့ကြောင့် ဒဏ်ရာအခြေအနေအား ဆေးအဖွဲ့ဝင်များက စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် တစ်လခန့် အနားယူရမည်ဖြစ်ကြောင်း ပီအက်စ်ဂျီအသင်းက အတည်ပြုခဲ့သည်ဟု Daily Mail သတင်းဌာနက ဖော်ပြသည်။ ယခုကဲ့သို့ အမ်ဘာပီ ဒဏ်ရာရရှိသွားခြင်းကြောင့် လာမည့်လတွင် ကစားမည့် ပြင်သစ်လက်ရွေးစင်အသင်း၏ ယူရို ၂၀၂၀ ခြေစစ် ပွဲစဉ်များကိုလည်း လွဲချော်မည်ဖြစ်သည်။ 

တစ်ဆက်တည်းမှာပင် အဆိုပါပွဲစဉ်အတွင်း ဒဏ်ရာရရှိသွားခဲ့သော တိုက်စစ်မှူး ကာဗာနီမှာလည်း သီတင်းပတ် ၃ ပတ်ခန့် အနားယူရဦးမည်ဟု သိရသည်။ ထို့ကြောင့် ပီအက်စ်ဂျီ အသင်းသည် တိုက်စစ်မှူး နေမာအပေါ်တွင်သာအဓိကအားထားရတော့မည့် အခြေအနေမျိုးရှိသော်လည်း ဘရာဇီးလက်ရွေးစင်ကမူဘာစီလိုနာသို့ ပြန်သွားလိုသည်ဟု ထုတ်ပြောထားပြီးဖြစ်သည်။

သို့သော် ပီအက်စ်ဂျီအသင်းသည် နေမာအားထိုက်သင့်သော ပြောင်းရွှေ့ကြေးမျိုးမရရှိပါက လက်လွှတ်ဆုံးရှုံးခံဖွယ် မရှိကြောင်းလည်းသိရသည် နေမာအနေဖြင့် ရာသီအစပွဲစဉ်များတွင် အသင်းလူစာရင်းမှ နုတ်ထွက်ထားခြင်းကြောင့် အမ်ဘာပီနှင့်ကာဗာနီတို့ မရှိချိန်တွင် ပီအက်စ်ဂျီ၏တိုက်စစ်ပိုင်း သေချာပေါက် ရုန်းကန်ရဖွယ်ရှိနေသည်။

ငြိမ်းပြည့်


  • VIA