News

POST TYPE

SPORTS

စပါးအသင်းတွင် ကွင်းလယ်လူ အဲရစ်ဆင် ဆက်ရှိနေတော့မည်ဟု သိရ
27-Aug-2019


လန်ဒန်၊ သြဂုတ် ၂၇

စပါးအသင်းကွင်းလယ်လူ အဲရစ်ဆင်သည် ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်အသင်းတို့ထံမှ ထိုက်တန်သည့် ကမ်းလှမ်းမှုမျိုး မရရှိသည့်အတွက် စပါးတွင်သာ ဆက်ရှိနေတော့မည်ဖြစ်သည်ဟု Daily Mail သတင်းစာက ဖော်ပြသည်။ 

အဲရစ်ဆင်သည် ယခုနွေရာသီ ဈေးကွက်အတွင်းတွင် ရီးရဲလ်နှင့် အပြောင်းအရွှေ့အတွက် သတင်းထွက်ခဲ့သူဖြစ်ပြီး အဆိုပါ ဒိန်းမတ်လက်ရွေးစင်ကို ဘာစီလိုနာအသင်းကလည်း ခေါ်ယူလိုနေသည်။ သို့သော် ပရီးမီးယားလိဂ် အပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းသွားပြီဖြစ်သလို ဥရောပ အပြောင်းအရွှေ့ဈေးကွက်လည်း မကြာခင်တွင် ပိတ်သိမ်းတော့မည်ဖြစ်ရာ ရီးရဲလ်နှင့် ဘာစီလိုနာတို့ထံမှ ထိုက်တန်သည့် ကမ်းလှမ်းမှုမျိုးမရှိသည့်အတွက် အဲရစ်ဆင်အနေဖြင့် စပါးတွင် အနည်းဆုံး တစ်ရာသီခန့် ဆက်ရှိနေတော့မည်ဖြစ်သည်ဟု သိရသည်။ 

ထို့အပြင် စပါးအသင်းသည် အဲရစ်ဆင်အတွက် တစ်ပတ်လုပ်ခလစာ ပေါင် ၂၀၀၀၀၀ ဖြင့် စာချုပ်သစ် ကမ်းလှမ်းထားပြီးဖြစ်သည်ဟုလည်း သတင်းများက ဖော်ပြသည်။ ယင်းလုပ်ခလစာနှုန်းထားသည် စပါးအသင်းတွင် တိုက်စစ်မှူး ဟယ်ရီကိန်းပြီးလျှင် ဒုတိယအမြင့်မားဆုံးသော လုပ်ခလစာနှုန်းထားတစ်ရပ်ဖြစ်နေသည်။ သို့သော် ကစားသမား၏ အေးဂျင့်ဖြစ်သူနှင့် ကိုယ်စားလှယ်များကမူစာချုပ်သစ်ချုပ်ဆိုရေးအတွက် ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

နည်းပြပိုက်ချက်တီနိုမှာ ရာသီအစပွဲစဉ်များတွင် ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်ကို ပွဲထွက်လူစာရင်းမှ မကြာခဏချန်လှပ်နေခြင်းကြောင့် စပါးအသင်းမှထွက်ခွာဖွယ်ရှိနေသူဟု သတင်းပြေးနေပြီး ၎င်းနှင့်အသင်း၏စာချုပ်မှာ ၁၂ လသာ ကျန်ရှိတော့သည်။ ထို့ကြောင့် စပါးအနေဖြင့် စာချုပ်သစ်ထပ်မံမချုပ်ဆိုနိုင်ပါက လာမည့်နွေဈေးကွက်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဆုံးရှုံးရန်ရှိနေသည်။

ငြိမ်းပြည့်



  • VIA