News

POST TYPE

SPORTS

MFF Youth အသင်းချန်ပီယံဆုဖလား ဆွတ်ခူးရရှိ
27-Aug-2019


ရန်ကုန်၊ သြဂုတ် ၂၇

2019MPT မြန်မာနေရှင်နယ်လိဂ် ယူ-၂၁ အမှတ်ပေးဘောလုံးပြိုင်ပွဲမှာ လက်ကျန် ၂ ပွဲကစားရန် ကျန်ရှိနေသေးသော်လည်း MFF Youth အသင်းမှာ ဒုတိယနေရာမှ ရှမ်းယူနိုက်တက်အသင်းကို ၅ မှတ်ဖြတ်ကာ ချန်ပီယံဆုဖလာကို ဆွတ်ခူးရရှိခဲ့ပြီးဖြစ်သည်။ 

မြန်မာနေရှင်နယ်လိဂ် ယူ-၂၁ အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၂၂ ကို သြဂုတ် ၂၆ ရက်ကပြုလုပ်ခဲ့ရာ MFF Youth အသင်းက ရခိုင်အသင်းကို ၁-၀ ဂိုး၊ ရှမ်းယူနိုက်တက်အသင်းက ဆောက်သမ်းမြန်မာအသင်းကို ၃-၁ ဂိုး၊ ရန်ကုန်အသင်းက Chinland အသင်းကို၂-၀ ဂိုး၊ မကွေးအသင်းက ဧရာဝတီအသင်းကို ၂-၀ ဂိုး၊ဟံသာဝတီအသင်းက ဇွဲကပင်အသင်းကို ၄-၀ ဂိုး၊ရတနာပုံအသင်းက စစ်ကိုင်းယူနိုက်တက်အသင်းကို ၂-၀ ဂိုးတို့ဖြင့် အသီးသီးအနိုင်ရခဲ့သည်။

MFF Youth အသင်းသည် ပွဲစဉ် ၂၂ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၁၇ ပွဲနိုင်၊ ၃ ပွဲသရေ၊၂ ပွဲရှူံး ရမှတ် ၅၄ မှတ်ဖြင့် လက်ကျန် ၂ ပွဲကစားရန် ကျန်ရှိနေသေးသော်လည်း ချန်ပီယံဆုဖလားကို ရရှိခဲ့ပြီး ဒုတိယနေရာတွင် ရှမ်းယူနိုက်တက်အသင်းကရမှတ် ၄၉ မှတ်၊ တတိယနေရာတွင် ရန်ကုန်အသင်းနှင့် ဆောက်သမ်းမြန်မာအသင်းတို့က ရမှတ် ၄၀ မှတ်စီဖြင့် ပူးတွဲရပ်တည်နေသည်။ 

2019MPT မြန်မာနေရှင်နယ်လိဂ် ယူ-၂၁ အမှတ်ပေးဘောလုံးပြိုင်ပွဲကို အသင်းပေါင်း ၁၃ သင်းအား ၂ ကျော့ ယှဉ်ပြိုင်ကစားနေခြင်းဖြစ်ပြီး အမှတ်ပေးဇယားအောက်ဆုံးတွင် ရခိုင်အသင်းကရမှတ် ၉ မှတ်ဖြင့် ရပ်တည်နေသည်။

ဇော်သုတ


  • VIA