News

POST TYPE

SPORTS

မြန်မာ ယူ-၁၅ အမျိုးသားအသင်း လာမည့် ၂၈ ရက်နေ့တွင် ဗီယက်နမ်အသင်းနှင့်ယှဉ်ပြိုင်ရမည်
27-Aug-2019


ရန်ကုန်၊ သြဂုတ် ၂၇

ဗီယက်နမ်လေးနိုင်ငံဖိတ်ခေါ် ယူ-၁၅ ဘောလုံးပြိုင်ပွဲဝင် မြန်မာ ယူ-၁၅ ဘောလုံးအသင်းသည် ဒုတိယပွဲစဉ်အဖြစ်သြဂုတ် ၂၈ ရက် (ယနေ့) နေ့လယ် ၂ နာရီ ၃၀ အချိန်တွင် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

အဆိုပါဖိတ်ခေါ် ယူ-၁၅ ဘောလုံးပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံကအိမ်ရှင် လက်ခံကျင်းပနေခြင်းဖြစ်ပြီး အိမ်ရှင်ဗီယက်နမ်အသင်းအပါဝင်မြန်မာ၊တောင်ကိုရီးယားနှင့် ရုရှားအသင်းတိုဝင်ရောက်ယှဉ်ပြိုင်နေသည်။ဗီယက်နမ်လေးနိုင်ငံဖိတ်ခေါ်ယူ-၁၅ဘောလုံးပြိုင်ပွဲ ပထမပွဲစဉ်များကိုသြဂုတ်၂၆ရက်ကကျင်းပပြုလုပ်ခဲ့ရာ မြန်မာယူ-၁၅အသင်းမှာတောင်ကိုရီးယားအသင်းကို၆-၁ဂိုးဖြင့်ဂိုးပြတ်ရှူံးနိမ့်ခဲ့သည်။

မြန်မာယူ-၁၅အသင်းမှာဒုတိယပွဲစဉ်အဖြစ်သြဂုတ် ၂၈ ရက် (ယနေ့) တွင် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာ ယူ-၁၅ အသင်းမှာ နောက်ဆုံးပွဲစဉ်အဖြစ် သြဂုတ် ၃၀ ရက်တွင် ရုရှားအသင်းနှင့် ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်သည်။ အဆိုပါဗီယက်နမ်လေးနိုင်ငံ ဖိတ်ခေါ် ယူ-၁၅ ဘောလုံးပြိုင်ပွဲဝင် အသင်း ၄ သင်းမှာ ပတ်လည်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အမှတ်အများဆုံးအသင်းမှာ ချန်ပီယံဆုဖလားရရှိမည်ဖြစ်သည်။

မြန်မာ ယူ-၁၅ အသင်းမှာ အာရှ ယူ-၁၆ ချန်ပီယံရှစ်ခြေစစ်ပွဲမတိုင်မီ အသင်းအား ပြင်ဆင်မှုများပြုလုပ်သည့်အနေဖြင့် ဗီယက်နမ်ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

ဇော်သုတ


  • VIA