News

POST TYPE

SPORTS

တရုတ်၊ မွန်ဂိုလီးယားအသင်းတို့နှင့်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်းအပြီးသက်ကစားသမား၂၃ ဦးရွေးချယ်
26-Aug-2019


ရန်ကုန်၊ သြဂုတ် ၂၆

မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းနည်းပြရာဂျူလိုဗစ်သည် တရုတ်အသင်းနှင့်ခြေစမ်းပွဲ ၊မွန်ဂိုလီးယားအသင်းနှင့်ကမ္ဘာ့ဖလားအာရှဇုန်(ဒုတိယအဆင့်)ခြေစစ်ပွဲများယှဉ်ပြိုင်ကစားရန်အတွက် မြန်မာ့လက်ရွေးစင်အသင်း၏အပြီးသက်ကစားသမား၂၃ဦးစာရင်းကို သြဂုတ်၂၆ရက်ထုတ်ပြန်လိုက်ပြီဖြစ်သည်။ 

နည်းပြရာဂျူလိုဗစ်ခဲ့သည့် အပြီးသက်ကစားသမားစာရင်းတွင် ထိုင်းလိဂ်-၂ကလပ်ဆာမတ်ဆာခွန်အသင်းတွင်သွားရောက်ကစားနေသည့် သန်းထက်အောင်ပါဝင်လာခြင်းမရှိသလို့ဇွဲကပင်အသင်းမှာဇွန်မိုးအောင်၊ဟံသာဝတီအသင်းမှာ ရွှေလှိုင်ဝင်း၊ဧရာဝတီအသင်းမှ တင်ဝင်းအောင်၊ဆောက်သမ်းမြန်မာအသင်းမှဂိုးသမားပြည့်ဖြိုးအောင်အစရှိကစားသမားများပါဝင်လာခြင်းမရှိပေ။ 

လက်ရှိ မြန်မာ့လက်ရွေးစင်အသင်းတွင်ဆောက်သမ်းမြန်မာအသင်းမှတိုက်စစ်မှူးကောင်းစည်သူ၊ပွဲကစားရခြင်းမရှိသည့်ရတနာပုံကစားသမားစည်သူအောင်၊ဇွဲကပင်အသင်းမှကွင်းလယ်ကစားသမားကြည်လင်း၊ထိုင်းလိဂ်တွင်သွားရောက်ကစားနေသည့် ကျေယ်ကိုကို၊အောင်သူ၊ဇော်မင်းထွန်းတို့ပါဝင်လာခဲ့သည်။ မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းသည် တရုတ်နိုင်ငံသို့သြဂုတ်၂၆ရက်ကထွက်ခွာသွားပြီးဖြစ်ပြီးသြဂုတ်၃၀ရက်တွင်တရုတ်လက်ရွေးစင်အသင်းနှင့်ခြေစမ်းပွဲကစားမည်ဖြစ်သည်။မြန်မာ့လက်ရွေးစင်အသင်းသည် တရုတ်နိုင်ငံမှတစ်ဆင့်မွန်ဂိုလီးယားနိုင်ငံသို့ဆက်လက်ထွက်ခွာမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်း အပြီးသတ်လူစာရင်း

ဂိုး - ကျော်ဇင်ထက်၊ ကျော်ဇင်ဖြိုး၊ ပြည့်လျှံအောင်
နောက်တန်း - ဇော်မင်းထွန်း၊ စိုးမိုးကျော်၊ ဇော်လင်း၊ ပြည့်ဖြိုးဇော်၊ ဒေးဗစ်ထန်း၊ ကျော်ဇင်လွင်၊ နန္ဒကျော်၊ သိန်းသန်းဝင်း
အလယ်တန်း - ရန်အောင်ကျော်၊ လွင်မိုးအောင်၊ လှိုင်းဘိုဘို၊ မောင်မောင်လွင်၊ ကြည်လင်း၊ စည်သူအောင်၊ ဆောင်လမန်၊ ကောင်းစည်သူ
ရှေ့တန်း - ကျော်ကိုကို၊ အောင်သူ၊ ဝင်းနိုင်စိုး၊ သန်းပိုင်။

ဇော်သုတ


  • VIA