News

POST TYPE

SPORTS

အဖွင့် ၃ပွဲဆက်အရေးနိမ့်ပြီးနောက် ဝက်ဖို့ဒ်နည်းပြ ဂျာဗီဂါစီယာရာထူးမှထုတ်ပယ်ခံရရန်နီးစပ်လာ
26-Aug-2019


ဝက်ဖို့ဒ်၊ သြဂုတ် ၂၆

ဝက်စ်ဟမ်းနှင့်ရင်ဆိုင်ခဲ့သောအိမ်ကွင်းပွဲစဉ်တွင် ၁-၃ဖြင့်အရေးနိမ့်ခဲ့ပြီးနောက် ဝက်ဖို့ဒ်အသင်းနည်းပြ ဂျာဗီဂါစီယာမှ ရာထူးမှထုတ်ပယ်ခံရရန်နီးစပ်လာပြီဟု Dailymail ကဖော်ပြခဲ့သည်။ 

ဝက်ဖို့ဒ်မှာ ယခုရာသီပရီးမီးယားလိဂ်အဖွင့် ၃ပွဲဆက်အရေးနိမ့်ခဲ့သလို ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၇ပွဲဆက်ရှုံးထားပြီး လက်ရှိတွင်ပရီးမီးယားလိဂ်အမှတ်ပေးဇယားကြမ်းခင်း၌ အမှတ်ဗလာဖြင့်ရပ်တည်နေသည်။ ထို့ကြောင့်နည်းပြ ဂါစီယာမှဖိအားများနေပြီး လာမည့်ပွဲစဉ်အနည်းငယ်တွင် အခြေအနေမကောင်းပါက ရာထူးမှထုတ်ပယ်ခံရလိမ့်မည်ဟု ဗြိတိန်မီဒီယာများကရေးသားနေကြသည်။ နည်းပြဂါစီယာမှာ ပြီးခဲ့သည့်ဘောလုံးရာသီတွင် ဝက်ဖို့ဒ်ကိုအကောင်းဆုံးခြေစွမ်းဖြင့်ရပ်တည်နိုင်အောင်တာဝန်ယူပေးခဲ့ပြီး အက်ဖ်အေဖလားဗိုလ်လုပွဲအထိရောက်အောင်ဦးဆောင်ပေးနိုင်ခဲ့သလိုပြီးခဲ့သည့် နိုဝင်ဘာလတွင် အသင်းနှင့် ၄နှစ်ခွဲစာချုပ်သစ်ချုပ်ဆိုထားသူဖြစ်သည်။ 

သို့ရာတွင် ၂၀၁၉-၂၀ရာသီအစ၌ ရုန်းကန်နေရသလို ထုတ်ပယ်ခံရတော့မည်ဟုသတင်းပြေးနေသည့်အပေါ်၌ နည်းပြဂါစီယာက “မှန်ပါတယ်။ ဒီအချိန်မှာကျွန်တော့ဘက်ကဘာပြောနိုင်မှာလဲ။ အသင်းကပေါက်ကွဲအားမကောင်းသေးသလို ဒီထက်တိုးတက်ဖို့လိုနေပါတယ်။ ဒါကိုကျွန်တော်သိပြီးသားပါ။ လာမယ့်ပွဲစဉ်အတွက်အကောင်းဆုံးပြင် ဆင်သွားမှာပါ။ နိုင်မလား၊ ရှုံးမလားကိုအတိအကျမသိပေမဲ့ လာမယ့်ပွဲစဉ်အတွက်ပစ်မှတ်ထားကြိုးစားသွားမှာပါ” ဟုဆိုသွားခဲ့သည်။ ဝက်ဖို့ဒ်အသင်းမှာ ရာသီအဖွင့် ၃ပွဲတွင်ခြေရည်တူပြိုင်ဘက်များ ဖြစ်သော ဘရိုက်တန်၊ အဲဗာတန်နှင့် ဝက်စ်ဟမ်းတို့ကိုဆက်တိုက်အရေးနိမ့်ခဲ့ခြင်းကြောင့် အသင်းတာဝန်ရှိသူများအနေဖြင့် လက်ရှိအနေအထားအပေါ်စိုးရိမ်လာခဲ့ပြီး နည်းပြဂါစီယာအပေါ်တွင်လည်း သံသယများရှိလာခဲ့သည်။

ငြိမ်းပြည့်


  • VIA