News

POST TYPE

SPORTS

ကမ္ဘာ့ရိုးရာနဂါးလှေချန်ပီယံရှစ်ပြိုင်ပွဲဝင် မြန်မာ့လှေလှော်အားကစားအဖွဲ့ ဆုတံဆိပ်၁၃ခုဆွတ်ခူးရရှိ
26-Aug-2019


ရန်ကုန်၊ သြဂုတ် ၂၆

၁၄ကြိမ်မြောက် ကမ္ဘာ့ရိုးရာနဂါးလှေချန်ပီယံရှစ်ပြိုင်ပွဲဝင် မြန်မာလှေလှော်အားကစားအဖွဲ့သည် ပြိုင်ပွဲအပြီးတွင်ရွှေတံဆိပ်၄ခု၊ငွေတံဆိပ်၄ခု၊ကြေးတံဆိပ်၅ခုစုစုပေါင်းဆုံဆိပ်၁၃ခုဆွတ်ခူးရရှိခဲ့သည်။ မြန်မာ့လှေလှော်အားကစားအဖွဲ့သည် အဆိုပါကမ္ဘာ့ရိုးရားနဂါးလှေချန်ပီယံရှစ်ပြိုင်ပွဲသို့ အမျိုးသား၊အမျိုးသမီးကစားသမားစုစုပေါင်း၄၀ဖြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးပြိုင်ပွဲအပြီးတွင်ရွှေတံဆိပ်၄ခု၊ငွေတံဆိပ်၄ခု၊ကြေးတံဆိပ်၅ခုစုစုပေါင်းဆုတံဆပ်၁၃ခုဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ ပြိုင်ပွဲကို ထိုင်းနိုင်ငံအိမ်ရှင်အဖြစ်သြဂုတ်၂၁ရက်မှ၂၅ရက်အထိကျင်းပပြုလုပ်ခဲ့ခြင် းဖြစ်ပြီးပြိုင်ပွဲသို့နိုင်ငံပေါင်း၃၀ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။မြန်မာ့လှေလှော်အားကစားအဖွဲ့အတွက်ရွှေတံဆိပ်ဆုများကို ယူ-၂၄အမျိုးသမီးအသင်းကရွှေတံဆိပ်၃ခုနှင့် မီတာ၂၀၀၀ယူ-၂၄အမျိုးသား၊အမျိုးသမီးရော၁၀တက်လှေပြိုင်ပွဲတွင် ရွှေတံဆိပ်၁ခုရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါဆုတံဆိပ်၁၃ခုမှာမြန်မာ့လှေလှော်အားကစားသမိုင်းတွင်အမြင့်မာဆုံးအောင်မြင်မှုတစ်ခုဖြစ်သည်ဟု မြန်မာ့လှေလှော်အားကစားအဖွဲ့မှဥက္ကဌဦးနိုင်သောင်းထိုက်ကပြောကြားခဲ့သည်။ 

၁၄ကြိမ်မြောက် ကမ္ဘာ့ရိုးရာနဂါးလှေချန်ပီယံရှစ်ပြိုင်ပွဲတွင် ဆုတံဆိပ်၁၃ခုရရှိခဲ့သည့် မြန်မာ့လှေလှော်အားကစားအဖွဲ့သည် သြဂုတ်၂၆ရက်က ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။

ဇော်သုတ


  • VIA