News

POST TYPE

SPORTS

ပီအက်ဂျီသို့ ဒိုင်ဘာလာပြောင်းရွှေ့ဖြစ်လိမ့်မည်မဟုတ်ဟု အေးဂျင့်ဖြစ်သူ ဂျော်ဂျီအန်တန်ပြောကြားသွား
26-Aug-2019


တူရင်၊ သြဂုတ် ၂၆

ဒိုင်ဘာလာနှင့် ပီအက်စ်ဂျီအသင်းတို့အပြောင်းအရွှေ့သတင်းများကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသော်လည်းဖြစ်နိုင်ချေနည်းပါးသည်ဟု ကစားသမား၏အေးဂျင့် ဂျော်ဂျီအန်တန်ကဖွင့်ဟခဲ့ကြောင်း Dailymail ကဖော်ပြခဲ့သည်။ 

Sportsmail ၏ဖော်ပြမှုအရ ဒိုင်ဘာလာ၏အေးဂျင့် ဂျော်ဂျီအန်တန်နှင့် ပီအက်စ်ဂျီအသင်းအားကစားဒါရိုက် လီယိုနာဒိုတို့မှာ ပေါင် ၇၃သန်းတန်အပြောင်းအရွှေ့ကိစ္စ အတွက်သဘောတူညီမှုရယူနိုင်လုနီးပါးရှိနေပြီဟုရေးသားခဲ့သော်လည်း အေးဂျင့်ဂျော်ဂျီအန်တန်ကယခုကဲ့သို့ပြန်လည်ငြင်းဆန်ထားခြင်းဖြစ်သည်။ ဒိုင်ဘာလာသည် ပါးမားကို ၁-ဝဖြင့်အနိုင်ရခဲ့ သောစီးရီးအေပွဲစဉ်တွင် ဂျူဗင်တပ်အသင်းအတွက် လူစားဝင်အဖြစ်တောင်ပါဝင်ခွင့်မရခဲ့သော်လည်း အပြောင်းအရွှေ့ကိစ္စနှင့်မသတ်ဆိုင်ဟု အေးဂျင့်အန်တန်ကဆိုခဲ့သည်။ ဂျော်ဂျီအန်တန်က “ပဲရစ်ကိုသွားဖို့အစီအစဉ်မရှိပါဘူး။ လက်ရှိအရွေ့မှာ ဒိုင်ဘာလာအနေနဲ့ သာသာယာယာဖြတ်သန်းနိုင်ဖို့ကိုပဲအလေးထားရမှာပါ။ အနာဂါတ်မှာဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့မသိသေးပါဘူး” ဟုထုတ်ဖော်ပြောကြားခဲ့သည်။ 

ဂျူဗင်တပ်အသင်းမှာ အင်တာမီလန်တိုက်စစ်မှူး အိုင်ကာဒီကိုမခေါ်ယူနိုင်သေးသောကြောင့် ဒိုင်ဘာလာကိုထွက်ခွာခွင့်ပေးရန်မစဉ်းစားသေးသလို အာဂျင်တီးနား တိုက်စစ်မှူးအတွက် ပေါင် ၉၁သန်းဝန်းကျင်ရမှာသာ ပီအက်စ်ဂျီထံသို့ပြောင်းရွှေ့ခွင့်ပေးဖွယ်ရှိနေသည်ဟု အီတလီမီဒီယာများကဖော်ပြနေသည်။ ပီအက်စ်ဂျီနှင့် ကိစ္စကိုငြင်းဆန်ခဲ့သော်လည်း  မိမိအနေဖြင့် မန်ယူ၊ စပါးတို့နှင့်စကားပြောဆိုမှုများပြုလုပ်ခဲ့သည်ဟု အေးဂျင့်ဂျော်ဂျီအန်တန်ကဝန်ခံသွားခဲ့ပြီး အရာအားလုံးပုံပြင်ဆန်ဆန်သာအဆုံးသတ်သွားခဲ့သည်ဟုဆိုခဲ့သည်။ ဒိုင်ဘာလာမှာ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန်အနီးစပ်ဆုံးဖြစ်ခဲ့သော်လည်း ပုံရိပ်အသုံးပြုခအတွက်တောင်းဆိုခဲ့မှုအား မန်ယူနှင့် စပါးတို့ဘက်မှ လိုက်လျောခြင်းမရှိခဲ့သောကြောင့် အပြောင်းအရွှေ့ဖြစ်မလာခဲ့ပေ။

ငြိမ်းပြည့်


  • VIA