News

POST TYPE

SPORTS

ဇန်နဝါရီတွင် လက်စတာကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆင်ကိုမြင့်မားသည့်ပြောင်းရွှေ့ကြေးပေးပြီးခေါ်ယူရန် မန်ယူစီစဉ်နေ
26-Aug-2019
မန်ချက်စတာ၊ သြဂုတ် ၂၆

နောက်ခံလူ မက်ဂူရီကို ပေါင်သန်း ၈၀ဖြင့်ခေါ်ယူခဲ့သော မန်ယူအသင်းသည် လာမည့်ဇန်နဝါရီဈေးကွက်တွင် ၎င်း၏လက်စတာအသင်းဖော်ဟောင်း ဂျိမ်းစ်မက်ဒီဆင်ကိုမြင့်မားသည့်ပြောင်းရွှေ့ကြေးဖြင့် အိုးထရက်ဖို့ဒ်သို့ထပ်မံခေါ်ယူရန်ပြင်ဆင်နေသည်ဟု Dailymail ကဖော်ပြခဲ့သည်။ 

သတင်းများ၏အဆိုအရ မန်ယူနည်းပြဆိုးလ်ရှားမှာ အင်္ဂလန်လူငယ်ကြယ်ပွင့် မက်ဒီဆင်ကိုမျက်စိကျနေပြီး လက်စတာ အသင်းထံကမ်းလှမ်းမှုပြုလုပ်ရန်ရှိနေကြောင်းသိရသည်။ မက်ဒီဆင်သည် နောဝစ်ချ်မှ လက်စတာသို့ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်း၏ နံပါတ် ၁၀နေရာတွင်အကောင်းဆုံးခြေစွမ်းပြနေသူဖြစ်သည်။ ပြီးခဲ့သည့် အပါတ်တွင် အင်္ဂလန်နည်းပြဆောက်ဂိတ်မှာ မက်ဒီဆင်ကို လက်ရွေးစင်အသင်းလူစာရင်း၌ထည့်သွင်းခဲ့သလို ၎င်းမှာ ချဲလ်ဆီး၊ ရှက်ဖီးလ်ယူနိုက်တက်တို့နှင့်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် များတွင် အတည်ငြိမ်ဆုံးပုံစံပြသနိုင်ခဲ့သည်။ မန်ယူအသင်းမှာလည်း ဗြိတိန်လူမျိုးကစားသမားများဖြစ်သော မက်ဂူရီ၊ ဘစ်ဆာကာ၊ ဒန်နီရယ်ဂျိမ်းစ်တို့ကိုအသင်းအတွက်ခေါ်ယူအားဖြည့်ထားပြီး မင်ဒီဆင် ကိုပါထပ်မံမျက်စိကျနေခြင်းဖြစ်သည်။ 

မက်ဒီဆင်နှင့်ပတ်သတ်ပြီး လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာက “အင်္ဂလန်ကစားသမားတွေထဲမှာအရည်အသွေးမြင့်သူတွေအများကြီးပါ။ ဆောက်ဂိတ်အနေနဲ့ မက်ဒီဆင်ရဲ့အရည်အချင်းဘယ်လောက်ရှိတယ်ဆိုတာကို မြင်ခဲ့ပြီးဖြစ်သလို သူဟာပြည့်စုံတဲ့ကစားသမားဆိုတာသိနေပါတယ်။ အကောင်းဆူံကစားသမားဖြစ်ချင်သူတွေအများကြီးရှိပေမဲ့ သူတို့ဟာလေ့ ကျင့်ရေးကိုနောက်ကျမှလာပြီး အရင်ဆုံးပြန်ချင်ကြသူများပါတယ်။ သာမန်ထက်ပိုပြီးအားစိုက်သူကနည်းပါတယ်။ မက်ဒီဆင်ကတော့ သူတို့နဲ့ခြားနားပါတယ်။ အခုဆိုရင်လူတွေက သူ့ရဲ့တည်ကန်ဘောတွေအကြောင်းကိုပြောလာကြပါပြီ။ မက်ဒီဆင်ရဲ့ပေးပို့မှုတွေနဲ့ကန်ချက်တွေက မတော်တဆဖြစ်ရပ်တွေမဟုတ်ဘူးဆိုတာသိစေချင်ပါတယ်။ သူဟာနေ့တိုင်းမှာ အချိန်ပိုလေ့ကျင့်ခန်း တွေလုပ်ပြီးအကောင်းဆုံးအဆင့်ရောက်ဖို့ကြိုးစားနေတဲ့ကစားသမားပါ။ ယုံကြည်မှုမြင့်မားသူလို့ပြောရင်လည်းမမှားပါဘူး” ဟုချီးကျူးထားသည်။ မန်ယူသည် မက်ဒီဆင် နောဝှစ်ချ်တွင်ရှိစဉ်ကာလကတည်း ကခေါ်ယူရန်စောင့်ကြည့်ခဲ့ဖူးသည်။

ငြိမ်းပြည့်


  • VIA