News

POST TYPE

SPORTS

ဖိတ်ခေါ် ယူ-၁၅ အမျိုးသမီးဘောလုံးပြိုင်ပွဲ မြန်မာအသင်းဝင်ရောက်ယှဉ်ပြိုင်မည်
25-Aug-2019



ရန်ကုန်၊ သြဂုတ် ၂၅

ဗီယက်နမ်နိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဗီယက်နမ်ဖိတ်ခေါ် လေးနိုင်င ံယူ-၁၅ အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ မြန်မာ ယူ-၁၅ အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အဆိုပါ လေးနိုင်ငံဖိတ်ခေါ် ယူ-၁၅ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လာမည့် စက်တင်ဘာ ၁ ရက်မှ ၅ ရက်နေ့အထိ လက်ခံကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အိမ်ရှင်ဗီယက်နမ် ယူ-၁၅ အမျိုးသမီးအသင်းအပါဝင် မြန်မာ၊ အိုက်စလန်နှင့် ဟောင်ကောင်အမျိုးသမီးအသင်းတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

မြန်မာ ယူ-၁၅ အမျိုးသမီးအသင်းမှာ အဆိုပါပြိုင်ပွဲယှဉ်ပြိုင်ရန်အတွက် သြဂုတ် ၃၀ ရက်တွင် ဗီယက်နမ်နိုင်ငံသို့ထွက်ခွာမည်ဖြစ်ပြီး စက်တင်ဘာ ၁ ရက် ညနေ ၆ နာရီအချိန်တွင် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် လည်းကောင်း၊ စက်တင်ဘာ ၃ ရက် ညနေ ၃ နာရီ ၃၀ အချိန်တွင် အိုက်စလန်အသင်းနှင့်လည်းကောင်း၊စက်တင်ဘာ ၅ ရက် ညနေ ၃ နာရီ ၃၀ အချိန်တွင် ဟောင်ကောင်အသင်းနှင့် လည်းကောင်း အသီးသီးယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပြိုင်ပွဲဝင်အသင်း ၄ သင်းမှာ ပတ်လည်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အမှတ်အများဆုံးအသင်းမှာ ချန်ပီယံဆုဖလားဆွတ်ခူးရရှိမည်ဖြစ်သည်။

အဆိုပါ ဖိတ်ခေါ်ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၁၅ အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်စန်းစန်းသိန်းမှ တာဝန်ယူကိုင်တွယ်နေပြီး ပြိုင်ပွဲအတွက် ပြင်ဆင်မှုများပြုလုပ်နေသည်။

ဇော်သုတ



  • VIA