News

POST TYPE

SPORTS

မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်း တရုတ်နိုင်ငံသို့ လာမည့်နေ့တွင် ထွက်ခွာမည်
25-Aug-2019


ရန်ကုန်၊ သြဂုတ် ၂၅

မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းသည် ၂၀၂၀ ကမ္ဘာ့ဖလားအာရှဇုန် (ဒုတိယအဆင့်) ခြေစစ်ပွဲမတိုင်မီ တရုတ်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားရန်အတွက် သြဂုတ် ၂၆ ရက်တွင် တရုတ်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။ 

မြန်မာ့လက်ရွေးစင ်အမျိုးသားဘောလုံးအသင်းသည် ၂၀၂၀ ကမ္ဘာ့ဖလားအာရှဇုန် (ဒုတိယအဆင့်) ခြေစစ်ပွဲအဖြစ် စက်တင်ဘာ ၅ ရက်တွင် အဝေးကွင်း၌ မွန်ဂိုလီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အဆိုပါပွဲမတိုင်မီ အသင်းအား ကြိုတင်ပြင်ဆင်သောအနေဖြင့် တရုတ်လက်ရွေးစင်အသင်းနှင့် သြဂုတ် ၃၀ ရက်တွင် ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းနည်းပြ ရာဂျူလိုဗစ်သည် တရုတ်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲ၊ မွန်ဂိုလီးယားအသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတို့အတွက် အပြီးသက်ကစားသမားစာရင်းကို သြဂုတ်၂၆ ရက် (ယနေ့) တွင် ရွေးချယ်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းကို လက်ရှိတွင် ပဏာမကစားသမား ၃၆ ဦးဖြင့် ဖွဲ့စည်းထားပြီး နည်းပြချုပ်အဖြစ် မွန်တီနီဂရိုးအသင်းနည်းပြ ရာဂျူလိုဗစ်မှ တာဝန်ယူကိုင်နေသည်။

နည်းပြရာဂျူလိုဗစ်သည် မြန်မာ့လက်ရွေးစင်အသင်းအား ပထမဆုံးတာဝန်ယူခဲ့သည့်ပွဲတွင် စင်ကာပူအသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းသည် တရုတ်လက်ရွေးစင်အသင်းနှင့် ၂၀၁၈ ခုနှစ် မေလက ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့ရာ ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ဇော်သုတ


  • VIA