News

POST TYPE

SPORTS

မန်စီးတီးနှင့် ချဲလ်ဆီးတောင်ပံကစားသမားဟောင်း ရှောင်ရိုက်ဖိလစ်ကစားသမားဘဝမှအနားယူ
25-Aug-2019


လန်ဒန်၊ သြဂုတ် ၂၅

အင်္ဂလန်တောင်ပံကစားသမားဟောင်း ရှောင်ရိုက်ဖိလစ်သည် အသက် ၃၇ နှစ်အရွယ်တွင် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို အဆုံးသတ်လိုက်ပြီဟု Dailymail က ဖော်ပြခဲ့သည်။ နော်တင်ဟမ်ဖောရက်စ်အသင်းတွင် လူငယ်ကစားသမားဘဝကိုဖြတ်သန်းခဲ့ပြီးနောက် မန်စီးတီးသို့ရောက်လာသည့် ရိုက်ဖိလစ်မှာ ၂၀၀၂ ခုနှစ်တွင် မန်ချက်စတာအခြေစိုက်အသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် ကူညီပေးခဲ့သူလည်းဖြစ်သည်။ 

၎င်းမှာ ၂၀၀၄ ခုနှစ်တွင် အင်္ဂလန်လက်ရွေးစင်အသင်းနှင့်အတူ ပထမဆုံးအကြိမ်ပွဲထွက်ခွင့်ရခဲ့ပြီး အင်္ဂလန်စီနီယာအသင်းအတွက် ၃၆ ပွဲတွင် ၆ ဂိုးသွင်းပေးခဲ့သလို ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင ်အင်္ဂလန်အသင်းတွင် ပါဝင်ခွင့်ရခဲ့သူဖြစ်သည်။ ၂၀၀၅ခု နှစ်တွင် ချဲလ်ဆီးသို့ပြောင်းရွှေ့ခဲ့ပြီးနောက် ကစားသမားဘဝအလှည့်အပြောင်းတစ်ခုနှင့် ရင်ဆိုင်ခဲ့ရပြီး စတမ်းဖို့ဘရစ်ချ်တွင် ရုန်းကန်ခဲ့ရသည်။ 

သို့ရာတွင် လန်ဒန်အခြေစိုက်အသင်းနှင့်အတူ ၂၀၀၅-၀၆ ရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့် ၂၀၀၇ ခုနှစ်တွင် အက်ဖ်အေဖလားချန်ပီယံအဖြစ် အောင်မြင်မှုများရရှိခဲ့သည်။ ချဲလ်ဆီးနှင့်လမ်းခွဲပြီးနောက် ၂၀၀၈ တွင် မန်စီးတီးသို့ပြန်ရောက်လာခဲ့သော်လည်း ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့ပြီးနောက် ကျူပီအာအသင်းသို့ ပြောင်းရွှေ့ခဲ့ရသည်။ ပရော်ဖက်ရှင်နယ်ကစားသမားဘဝနောက်ဆုံးအချိန်များကို အမေရိကတွင်ကုန်ဆုံးခဲ့ပြီး မေဂျာလိဂ်ကလပ်များဖြစ်သော နယူးယော့ခ်ရက်ဘူးလ်နှင့် ဖိုနစ်ရီဆင်းအသင်းများတွင် ကစားခဲ့သည်။ ရှောင်ရိုက်ဖိလစ်မှာ အာဆင်နယ် ဂန္တဝင်တိုက်စစ်မှူးဟောင်း အီရန်ရိုက်၏ မွေးစားသားတစ်ဦးလည်းဖြစ်သည်။

ငြိမ်းပြည့်


  • VIA