News

POST TYPE

SPORTS

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ထိုင်းအသင်းနှင့်မနက်ဖြန်တွင်ကစားမည်
24-Aug-2019


ရန်ကုန် - သြဂုတ် ၂၄

အာဆီယံအမျိုးသမီးချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် သြဂုတ်၂၅ရက်ယနေ့ညနေ၅နာရီ၃၀မိနစ်အချိန်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို ထိုင်းနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပနေခြင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းမှာ ကမ္ဘော့ဒီးယားအသင်းအား၁၀-၁ဂိုး၊အင်ဒိုနီးရှားအသင်းအား၇-ဝဂိုးတို့ဖြင့်ဂိုးပြတ်အနိုင်ရခဲ့ဗီယက်နမ်အသင်းအား၄-ဝဂိုးဖြင့်ဂိုးပြတ်ရှူံးနိမ့်ကာ ရမှတ်၆မှတ်အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ်သို့တက်ရောက်ခဲ့ပြီးအုပ်စု(က)မှာ ထိုင်းအသင်းနှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

ထိုင်းအသင်းနှင့်ကစားရမည့်ဆီမီးဖိုင်နယ်ပွဲစဉ်နှင့်ပတ်သက်၍မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနည်းပြဦးဝင်းသူမိုးက"ဆီမီးဖိုင်နယ်မှာ ဘယ်အသင်းနဲ့တွေ့တွေ့ ကျွန်တော့်တို့အကောင်းဆုံး ကြိုးစားသွားမှာပါ"ဟုပြောကြားခဲ့သည်။ အခြားဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲအဖြစ် သြဂုတ်၂၅ရက်နေလည်၂နာရီ၃၀အချိန်တွင် အုပ်စု(ခ)မှပထမရသည့်ဗီယက်နမ်အသင်းနှင့်အုပ်စု(က)မှဒုတိယရသည့် ဖိလစ်ပိုင်အသင်းတို့ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

အဆိုပါပြိုင်ပွဲကို ထိုင်းနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပနေခြင်းဖြစ်ပြီး ဗိုလ်လုပွဲသို့တတိယနေရာလုပွဲကို သြဂုတ်၂၇ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ဇော်သုတ


  • VIA