News

POST TYPE

SPORTS

စပိန်မြေပေါ်တွင် မိမိလုပ်ပြခဲ့သည့်အတိုင်း ဂျာအိုဖိလစ်စွမ်းဆောင်နိုင်လိမ့်မည်ဟု စီရော်နယ်ဒိုယုံကြည်
24-Aug-2019


မက်ဒရစ် - သြဂုတ်၂၄

ရီးရဲလ်နှင့်အတူအမြင့်ဆုံအောင်မြင်မှုများရယူခဲ့သူ စီရော်နယ်ဒိုက ပေါ်တူဂီလူငယ် ဂျာအိုဖိလစ်မှာစပိန်မြေတွင်မိမိလုပ်ပြခဲ့သည့်အတိုင်း ထပ်တူစွမ်းဆောင်နိုင်လိမ့်မည်ဟုဆိုခဲ့ကြောင်း Football Espana ကဖော်ပြခဲ့သည်။ အက်သလက်တီကိုမက်ဒရစ်အသင်းသည် အသက် ၁၉နှစ်သာရှိသေးသည့် ဂျာအိုဖိလစ်အတွက် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၁၂၆သန်းအထိပေးကာခေါ်ယူထားခြင်းဖြစ်သလို အသင်းတွင်အလျင်အမြန်အထိုင်ကျခဲ့သူဖြစ်သည်။ 

ပေါ်တူဂီလူငယ်ကြယ်ပွင့်နှင့်ပတ်သတ်ပြီး စီရော်နယ်ဒိုက “ကျွန်တော်စပိန်မှာလာပ်ပြခဲ့သလို သူလုပ်မြနိုင်မလားလို့မေးရင်တော့ အရမ်းကိုယုံကြည်တယ် လို့ဖြေရမှာပါ။ ဂျာအိုဟာစိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားသမားဖြစ်ပြီး အောင်မြင်မှုတွေကိုစုပ်ယူနိုင်တဲ့ အင်အားမျိုးသူ့မှာရှိနေပါတယ်။ ဘာနာဒိုဆေးလ်ဗားလည်း အတူတူပါပဲ။ မန်စီးတီးမှာသူပြသနေတဲ့ ခြေစွမ်းကအမြင့်ဆုံးတောင်ရောက်နေပါပြီ” ဟုဆိုခဲ့သည်။

ဆက်လက်ပြီးဘောလုံးလောကတွင်ကစားသမားတစ်ဦးအတွက် မြင့်မားသည့်ပြောင်းရွှေ့ကြေးများအသုံးပြုလာရခြင်းအပေါ်တွင်လည်း စီရော်နယ် ဒိုက “လက်ရှိဘောလုံးလောကရဲ့အရွေ့ကိုတွက်ချက်ဖို့အလွန်ခက်ပါတယ်။ မတူညီတဲ့ရင်းနှီးမြှပ်နှံမှုတွေနဲ့ လောင်းကြေးထပ်နေရသလိုပါပဲ။ အကောင်းဆုံးပုံစံထုတ်မပြရသေးတဲ့ ကစားသမားတစ်ဦးအတွက် ယူရိုသန်း ၁၀၀လောက်ပေးရတာတွေရှိနေပါတယ်။ ဥပမာအနေနဲ့ ဂျာအိုဖိလစ်ရဲ့အပြောင်းအရွှေ့လိုပေါ့။ ခေတ်ရေစီးကြောင်းအရလိုတာထက်ပိုသုံးနေရတာတွေရှိပါတယ်။ ဗဟိုခံစစ်မှူးနဲ့ဂိုးသမားလိုနေရာအတွက် ကစားသမားတစ်ယောက်ကို ယူရိုသန်း ၇၀၊ ၈၀လောက်ပေးရတာတန်တယ်ထင်လား။ တန်တယ်လို့ပြောရင်ကျွန်တော်လက်မခံပါဘူး။ ဒါပေမဲ့ကျွန်တော်တို့အား လုံးဒီလိုကမ္ဘာတစ်ခုထဲရောက်နေလို့ လုပ်ဆောင်ချက်တွေအားလုံးကိုတော့လေးစားရမှာပါ” ဟုပြောကြားသွားခဲ့သည်။ စီရော်နယ်ဒိုသည် ရီးရဲလ်ကစားသမားဘဝတွင် ၄၃၈ပွဲအထိကစားခဲ့သူဖြစ်ပြီး အသင်းအတွက် ဂိုးပေါင်း ၄၅၀သွင်းပေးခဲ့သူဖြစ်သည်။

ငြိမ်းပြည့်


  • VIA