News

POST TYPE

SPORTS

၀ကဖှို့ဒကှစားသမားသဈ အဈစမလောဆားမှာကှောကစှရာကောငှးပှီး အလှနလှငှမှှနသှူဖှဈသညဟှု ရောဘတဆှနကှို မာနေးသတိပေးထား
24-Aug-2019


လီဗာပူး - သြဂုတ် ၂၄

ပရီးမီးယားလိဂ်အပြောင်းအရွှေ့နောက်ဆုံးရက်တွင် ဝက်ဖို့ဒ်အသင်းကစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၃၁သန်းဖြင့်ခေါ်ယူခဲ့သော အစ္စမေလာဆားမှာအလွန်မြန်ပြီး ကြောက်စရာကောင်းသည့်ခြေစွမ်း မျိုးပိုင်ဆိုင်ထားသည်ဟု ၎င်း၏ဆီနီဂေါလက်ရွေးစင်ကစားဖော် မာနေးကသတိပေးပြောဆိုလိုက်ကြောင်း Dailymail ကဖော်ပြခဲ့သည်။ မာနေးက မိမိအနေဖြင့် အစ္စမေလာဆားကို လီဗာပူးအသင်း ထံသို့လာရောက်ကစားစေလိုသော်လည်း ကစားသမား၏ပင်ကိုယ်စွမ်းရည်ကောင်းသောကြောင့် ဝက်ဖို့ဒ်တွင်လည်းခြေစွမ်းပြနိုင်မည်ဟုယုံကြည်နေသလို ပရီးမီးယားလိဂ်ရှိတောင်ပံခံစစ်ကစားသ မားများကိုအသေသတ်မည့်သူဟုသတိပေးလိုက်သည်။

အစ္စမေလာဆားနှင့်ပတ်သတ်ပြီး လီဗာပူးတိုက်စစ်မှူး မာနေးက “ဝက်ဖို့ဒ်နဲ့စာချုပ်ချုပ်တဲ့နေ့မှာ မက်ဆေ့ချ်ပို့ပြီးဆုတောင်းပေးခဲ့သလို သူ့အတွက် အလွန်ပျော်ရွှင်မိခဲ့ပါတယ်။ အစ္စမေလာဆားရဲ့ကစားပုံကအရမ်းမြန်လို့ သူနဲ့ရင်ဆိုင်ရတဲ့ခံစစ်သမားတိုင်းရုန်းကန်ရလေ့ရှိပါတယ်။ အသင်းဖော်ရောဘတ်ဆန်ကို ကျွန်တော်ပြောခဲ့ဖူးပါတယ်။ ဝက်ဖို့ဒ် ကတော့တကယ်ကောင်းတဲ့ကစားသမားတစ်ယောက်ရသွားပြီလို့ပါ။ သူနဲ့ထိပ်တိုက်တွေ့ရင်တော့မင်းကိုငါကူညီမှရလိမ့်မယ်။ ဒီလိုမှမဟုတ်ရင် အစ္စမေလာဆားကမင်းကိုသတ်သွားလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူကအလိမ်အခေါက်ကောင်းပြီး အရမ်းမြန်လို့ပါပဲ” ဟုချီးကျူးခဲ့သည်။ 

ဝက်ဖို့ဒ်ကိုရွေးချယ်ခဲ့သည့် အစ္စမေလာဆား၏လုပ်ရပ်မှာ မှန်ကန်သလို ကြီးကြယ်သည့်ကစားသမား တစ်ဦးဖြစ်လာလိမ့်မည်ဟုလည်း မာနေးကယုံကြည်နေသည်။ မာနေးနှင့် အစ္စမေလာဆားတို့မှာ ပြီးခဲ့သည့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဝင် ဆီနီဂေါအသင်း၌အတူပါဝင်ခဲ့ကြပြီး ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့သော်လည်း အယ်လ်ဂျီးယားကိုအရေးနိမ့်ပြီး ဒုတိယနှင့်သာကျေနပ်ခဲ့ရသည်။

ငြိမ်းပြည့်


  • VIA