News

POST TYPE

SPORTS

အဖွင့်နှစ်ပွဲနိုင်ခဲ့တဲ့ အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ပစ်မှတ်ထား
20-Aug-2019


လန်ဒန်၊ သြဂုတ် ၂၀

ပရီးမီးယာလိဂ်အဖွင့်ပွဲစဉ်နှစ်ပွဲလုံးအနိုင်ရခဲ့တဲ့ အာဆယ်နယ်ဟာ လာမယ့်နှစ်ချန်ပီယံလိဂ်ဝင်ခွင့်ကို ပစ်မှတ်ထားနေပြီဖြစ်တယ်။

နောက်ပြီး နယူးကာဆယ်နဲ့ ဘန်လေတို့နဲ့ကစားခဲ့တဲ့ ၂ ပွဲမှာ အသင်းအတွက် သွင်းဂိုးတွေရယူပေးခဲ့တဲ့ အူဘာမီယန်းနဲ့ လာကာဇက်တီတို့အနေနဲ့ အာဆင်နယ်ကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကူညီပေးနိုင်မယ်ဆိုရင် လစာငွေတိုးမြှင့်ပြီး စာချုပ်သစ်ချုပ်ဆိုပေးဖို့ အသင့်ရှိကြောင်းကို အာဆင်နယ်ဘက်က တရားဝင်ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

လာကာဇက်တီဟာ တစ်ပတ်လုပ်ခ ပေါင် ၁ သိန်း ၄ သောင်းရရှိနေသူဖြစ်ပြီး အူဘာမီယန်းကတော့ တစ်ပတ် ပေါင် ၂ သိန်းရရှိနေသူဖြစ်သလို သူတို့ဟာ အသင်းရဲ့လစာအများဆုံးသူတွေထဲမှာ ပါဝင်သူတွေဖြစ်ပါတယ်။

ဒါပေမဲ့ အသင်းဘက်ကတော့ သူတို့ ၂ ဦးကို နောက်ထပ်စိန်ခေါ်မှုလုပ်ခဲ့တာမျိုးဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရပါက ခံစားခွင့်တိုးမြှင့်ပေးမယ်လို့ဆိုခဲ့ပါတယ်။

လက်ရှိ အာဆင်နယ်မှာ လာကာဇက်နဲ့ အူဘာမီယန်းတို့ နှစ်ယောက်ပေါင်း ၅၁ ဂိုးအထိ သွင်းယူပေးထားတဲ့အထိ ခြေစွမ်းပြေနေကြပါတယ်။

လာကာဇက်တီကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်ပရိသတ်တွေဟာ မိမိရဲ့အမြင့်ဆုံးခြေစွမ်းကို အခုချိန်အထိမမြင်ရသေးဘူးလို့ ဆိုခဲ့ပြီး နောက်ထပ်သွင်းဂိုးတွေနဲ့ဆက်လက်သက်သေပြမယ်လို့ ကတိပေးသွားခဲ့ပါတယ်။

နည်းပြ အမ်မရီကလည်း တိုက်စစ်မှူးနှစ်ယောက်လုံးမှာ အသင်းအတွက်အရေးကြီးသူတွေဖြစ်ပြီး အသင်းကနေပေးတဲ့ ခံစားမှုတွေကို ညီတူညီမျှပိုင်ဆိုင်ထိုက်သူတွေလို့ ချီးကျူးခဲ့ပါတယ်။

ငြိမ်းပြည့်


  • VIA