News

POST TYPE

SPORTS

ဆန်းချက်ဇ်ကို အင်တာမီလန်က အငှားနဲ့ ခေါ်ယူတော့မည်
18-Aug-2019


မီလန်၊ ဩဂုတ် ၁၈

အပြောင်းအရွှေ့ဈေးကွက်မပိတ်သိမ်းမီ မန်ယူအသင်းမှ ထွက်ခွာတော့မည်ဟု သတင်းများထွက်ပေါ်နေသည့် တိုက်စစ်မှူး ဆန်းချက်ဇ်ကို စီးရီးအေကလပ် အင်တာမီလန်အသင်းက တစ်နှစ်စာအငှားစာချုပ်ဖြင့် ၂၄ နာရီအတွင်းခေါ်ယူရန် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နေပြီဟု Daily Mail သတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက အလက်ဆစ် ဆန်းချက်ဇ် မန်ယူအသင်းမှ အမှန်တကယ်ထွက်ခွာရန် နီးစပ်နေသည်ဆိုသည့်သတင်းများ ကျယ်လောင်စွာထွက်ပေါ်ခဲ့သော်လည်း မန်ယူအသင်း၏ နည်းပြဖြစ်သူ ဆိုးလ်ရှားက တိုက်စစ်မှူး ဆန်းချက်ဇ်ကို အသင်းတွင်ဆက်ရှိရန် ဆန္ဒရှိနေပြီး အနာဂတ်မန်ယူအသင်း၏ အစီအစဉ်တွင် ပါဝင်ရန် အာမခံချက်ပြုလုပ်ထားသည်။ 

သို့သော် ကစားသမားဘက်မှ မန်ယူအသင်းတွင် အနာဂတ်ပုံမှန်ပွဲထွက်ခွင့်အတွက် သံသယရှိနေပြီး နည်းပြဆိုးလ်ရှားမှလည်း ကစားသမားအနေဖြင့် အသင်းအတွက် ကြိုးစားကစားပေးရန် တောင်းဆိုမှုများရှိခဲ့သည်။

သတင်းများ၏ ဖော်ပြချက်အရ အင်တာမီလန်အသင်းမှာ ဆန်းဇ်ချက်၏ တစ်ပတ်လုပ်ခလစာ ပေါင်ငါးသိန်းတောင်းဆိုမှုအတွက် ကစားသမားနှင့် အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပြီး လက်ရှိတွင် အသင်းဖော်ဟောင်း လူကာကူမှာ အင်တာမီလန်အသင်းတွင် လုပ်ခလစာအများဆုံးရရှိနေသည်။ 

အင်တာမီလန်အသင်း၏ နည်းပြကွန်တီမှာ အသင်း၏ပြောင်းလဲပြင်ဆင်ရေး အစီအစဉ်တွင် ဆန်းချက်ဇ်အား အထူးလိုအပ်လျက်ရှိနေပြီး လက်ရှိလှုပ်ခတ်လာသည့် သတင်းအရ ကစားသမားမှာ အင်တာမီလန်သို့ ပြောင်းရန် အလွန်နီးစပ်နေပြီဖြစ်သည်။

ဆန်းချက်ကို ခေါ်ယူရန် အခြားအသင်းများအတွက် အဓိက စိန်ခေါ်မှုဖြစ်နေသည်မှာ ၎င်း၏ လုပ်ခလစာပမာဏများပြားနေခြင်းဖြစ်ပြီး အစောပိုင်းတွင် ရိုးမားအသင်းက ဆန်းချက်ကို အငှားဖြင့် ခေါ်ယူရန် ကမ်းလှမ်းမှုများပြုလုပ်ခဲ့သော်လည်း ၎င်းတို့က အသင်း၏ တိုက်စစ်မှူး ဒီဇီကိုကို စာချုပ်သက်တမ်းတိုးမြှင့်လိုက်သည့်အတွက် ဆန်းချက်ကို ခေါ်ယူရန် နောက်ဆုတ်သွားခဲ့ခြင်းဖြစ်သည်။


  • VIA