News

POST TYPE

SPORTS

ဆီဗီလာ တိုက်စစ်မှူး ဘန်ယက်ဒါကို မိုနာကိုခေါ်ယူ
14-Aug-2019


မိုနာကို၊ ဩဂုတ် ၁၄

ပြင်သစ်လီဂူးကလပ် မိုနာကိုအသင်းသည် ဆီဗီလာအသင်းတိုက်စစ်မှူး ဘန်ယက်ဒါကို ၅ နှစ်စာချုပ် ချုပ်ဆိုခေါ်ယူလိုက်ကြောင်း Daily Mail သတင်းဌာနက ဖော်ပြထားသည်။ 

ပြင်သစ်ကစားသမား၏ အပြောင်းအရွှေ့အတွက် သက်ဆိုင်ရာအသင်းများဘက်မှ တရားဝင်ပြောကြားခဲ့ပြီဖြစ်သော်လည်း ကစားသမား၏ အပြောင်းအရွှေ့တန်ကြေးကိုမူ ဖော်ပြထားခြင်းမရှိပေ။

သို့သော် ပြင်သစ်နိုင်ငံအခြေစိုက် မီဒီယာတစ်ခုက ပြင်သစ်ကွင်းလယ်လူ ဘန်ယက်ဒါ၏ အပြောင်းအရွှေ့အတွက် မိုနာကိုအသင်းမှာ ဆီဗီလာအသင်းကို ပေါင် ၃၇ သန်း ပေးချေခဲ့ရသည်ဟု ရေးသားဖော်ပြထားသည်။

ဘန်ယက်ဒါမှာ ပြင်သစ်ကလပ် တူးလော့စ်အသင်းမှ ဆီဗီလာအသင်းထံသို့ ၂၀၁၆ ခုနှစ်တွင် ပြောင်းရွှေ့လာခဲ့ပြီး ဆီဗီလာအသင်းတွင် သုံးရာသီကြာဖြတ်သန်းပြီး သွင်းဂိုး (၇၀) အထိ သွင်းယူနိုင်ခဲ့သည်။

ဘန်ယက်ဒါက “ ကျွန်တော် မိုနာကိုအသင်းကို ရောက်လာရလို့ ဝမ်းသာပါတယ်။ ကျွန်တော့်ရဲ့ အနာဂတ်ရည်မှန်းချက်တွက် မိုနာကိုအသင်းက အကောင်းဆုံးဖြစ်မယ်ထင်လို့ ရွေးချယ်ခဲ့တာပါ ” ဟု မိုနာကိုအသင်း၏ တရားဝင်ဝက်ဆိုက်တွင် ဖော်ပြထားချက်အရသိရသည်။ 

သူရ


  • VIA