News

POST TYPE

SPORTS

ဆီမီးဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့သည့်အတွက် ကျေနပ်မိသည်ဟု နည်းပြဦးစိုးမြတ်မင်းပြော
14-Aug-2019


ရန်ကုန်၊ ဩဂုတ် ၁၃

အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲဝင်မြန်မာ ယူ-၁၈ အသင်းသည် အုပ်စုပွဲစဉ်များမပြီးဆုံးမီ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည့်အတွက် ကျေနပ်မိကြောင်း မြန်မာ ယူ-၁၈ အသင်း နည်းပြဦးစိုးမြတ်မင်းက ပြောသည်။ 

အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲဝင် မြန်မာ ယူ-၁၈ အသင်းမှာ အုပ်စု ၄ ပွဲကစားပြီးချိန်တွင် ဘရူနိုင်းအသင်းအား ၂-ဝ ဂိုး၊ လာအိုအသင်းအား ၃-၁ ဂိုး၊ ဖိလစ်ပိုင်အသင်းအား ၄-၁ ဂိုး၊ တီမောအသင်းအား ၁-ဝ ဂိုးတို့ဖြင့် အနိုင်ရခဲ့ပြီး ရမှတ် ၁၂ မှတ်ဖြင့် အုပ်စုလက်ကျန် တစ်ပွဲကစားရန် ကျန်ရှိနေသေးသော်လည်း ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

မြန်မာ ယူ-၁၈ အသင်းနည်းပြ ဦးစိုးမြတ်မင်းက “ကျွန်တော်တို့ရဲ့ပထမ ဆုံးပစ်မှတ်ဖြင့်တဲ့ ဆီမီးဖိုင်နယ်ရောက်ရှိရေး ရည်မှန်းချက်ပြည့်ဝခဲ့လို့ကျေနပ်မိပါတယ်။ ပြိုင်ပွဲက တစ်ရက်ခြားကစား နေရကြောင်း ကစားသမားတွေ ပွဲမပန်းအောင်နဲ့ အားပြန်ပြည့်အောင် အလေးထားပြင်ဆင်ပေးနေပါတယ်။ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပြီဖြစ်တာကြောင်း ဆီမီးဖိုင်နယ်မှာ ကစားသမားတွေအား ပြည့်လန်းဆန်းနေအောင် အင်ဒိုနီရှားနဲ့ ကစားရမယ့် အုပ်စုနောက်ဆုံးပွဲစဉ်မှာ ကစားသမားတွေကို ချိန်ဆအသုံးပြုသွားမှာပါ”ဟု ဆိုသည်။ 

မြန်မာ ယူ-၁၈ အသင်းသည် အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ဩဂုတ် ၁၄ ရက် (ယနေ့) မွန်းလွဲ ၃ နာရီအချိန်တွင် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

အုပ်စု (ခ) တွင် ဩစတြေးလျအသင်းက ထိပ်ဆုံးတွင် ဦးဆောင်နေသည်။

အဆိုပါပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေခြင်းဖြစ်သည်။  

ဇော်သုတ


  • VIA