News

POST TYPE

SPORTS

လေ့ကျင့်ရေးတွင် လာရောက်မပူးပေါင်းသည့် နေမာနှင့် ဂရစ်ဇ်မန်းတို့ကြောင့် အပြောင်းအရွှေ့လှုပ်ခတ်မှု ကြီးထွားလာ
11-Jul-2019


ဘာစီလိုနာ၊ ဇူလိုင် ၁၁

စပိန်အင်အားကြီးအသင်းဖြစ်သော ဘာစီလိုနာအသင်းသည် ပီအက်စ်ဂျီအသင်း တိုက်စစ်မှူးနေမာနှင့် အက်သလက်တီကိုအသင်း ကွင်းလယ်တိုက်စစ်မှူးဂရစ်ဇ်မန်းတို့ုကို ခေါ်ယူရန် အခြေအနေမှာ နီးစပ်မှုများမြင့်တက်လျက်ရှိနေပြီဟု The Mirror သတင်းဌာနက ဖော်ပြထားသည်။

ယင်းသတင်းဌာန၏ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်း တိုက်စစ်မှူးနေမာနှင့် အက်သလက်တီကိုအသင်း ကွင်းလယ်တိုက်စစ်မှူးဂရစ်ဇ်မန်းတို့မှာ သက်ဆိုင်ရာအသင်းများ၏ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွင် လာရောက်ပူးပေါင်းခြင်းမရှိခြင်းကြောင့် ၎င်းတို့နှစ်ဦး၏ ဘာစီလိုနာအသင်းသို့ အပြောင်းအရွှေ့မှာ အမှန်တကယ် ဖြစ်လာတော့မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလာခြင်းဖြစ်သည်။

ထို့ပြင် လက်ရှိတွင် ပီအက်စ်ဂျီတိုက်စစ်မှူးနေမာနှင့် အသင်းတာဝန်ရှိသူများ၏ ဆက်ဆံရေးမှာ တင်းမာသထက် တင်းမာလျက်ရှိပြီး အက်သလက်တီကို ကစားသမား ဂရစ်ဇ်မန်းမှာလည်း အက်သလက်တီကိုတွင် ၎င်းဝတ်ဆင်ကစားသော ကျောနံပါတ် (၇) ကို အသစ်ခေါ်ယူထားသည့် အသက် (၁၉) နှစ်အရွယ် ပေါ်တူဂီလူငယ်တိုက်စစ်မှူး ယာအိုဖီးလစ်ကို အသင်းက ဝတ်ဆင်ကစားစေတော့မည်၍ ကစားသမား၏ အပြောင်းအရွှေ့မှာ ပိုမိုသေချာသွားပြီဖြစ်ကြောင်း ဖော်ပြထားသည်။

စပိန်အင်အားကြီး ဘာစီလိုနာအသင်းမှာ ယင်းကစားသမားနှစ်ဦး၏ အပြောင်းအရွှေ့အတွက် သက်ဆိုင်ရာအသင်းများနှင့် ခြေရှုပ်လျက်ရှိပြီး ပြောင်းရွှေ့ကြေးမှာအမျိုးမျိုး ထွက်ပေါ်လျက်ရှိနေသော်လည်း အမှန်တကယ်ဖြစ်လာပါက ကစားသမားများအတွက် အပြောင်းအရွှေ့သတင်းကို တရားဝင်ထုတ်ဖော်ပြောကြားသွားမည်ဖြစ်ကြောင်း ဘာစီလိုနာအသင်း ဥက္ကဋ္ဌ ဘာတိုမြူက ဖွင့်ဟပြောကြားထားသည်။




















  • VIA