News

POST TYPE

SPORTS

ဒီလိုက်မှာ အဝလွန်လာနိုင်ခြေရှိသောကြောင့် ခေါ်ယူမည့်အစီအစဉ်ကို မန်ယူဖျက်သိမ်း
11-May-2019

မန်ချက်စတာ၊ မေ ၁၁

မန်ယူအသင်းသည် အေဂျက်နောက်ခံလူ ဒီလိုက်ကိုခေါ်ယူရန် စီစဉ်ထားသည်များကို ဖျက်သိမ်းပစ်လိုက်ပြီဖြစ်ပြီး ယင်းသို့ဖျက်သိမ်းလိုက်သည်မှာ ကစားသမားဖြစ်သူအနေနှင့် အနာဂတ်ကာလတွင် အဝလွန်လာနိုင်ခြေ ရှိသောကြောင့်ဖြစ်သည်ဟု ၎င်းကို စောင့်ကြည့်နေသော ကင်းထောက် မာဆယ်လ်ဘောက်က ပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

မန်ယူကင်းထောက် မာဆယ်ဘောက်သည် ဒီလိုက်၏ ဖခင်ဖြစ်သူကို လေ့လာစောင့်ကြည့်အပြီးတွင် ဒီလိုက်မှာ မန်ယူခေါ်ယူသင့်သည့် ကစားသမားမျိုး မဟုတ်ဟု မှတ်ချက်ပေးလိုက်ပြီး ဒီလိုက်၏ဖခင်တွင် အဝလွန်လက္ခဏာများ ရှိနေသည့်အတွက် ဒီလိုက်မှာလည်း အရွယ်တစ်ခုရောက်လာပါက ယင်းသို့ ဖြစ်လာနိုင်သည်ဟု မာဆယ်ဘောက်က အသိပေးထားသည်။

အသက် ၁၉ နှစ်အရွယ်သာ ရှိသေးသော ဒီလိုက်သည် လက်ရှိဘောလုံးရာသီတွင် အေဂျက်အသင်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ရာ၌ အဓိကကျသော အခန်းကဏ္ဍမှနေ၍ ပါဝင်ခဲ့ပြီး ၎င်းနှင့် အေဂျက်အသင်းအကြားတွင် ချုပ်ဆိုထားသောစာချုပ် ဖျက်သိမ်းခတန်ကြေးမှာ ပေါင် ၇၅ သန်းသာ ရှိသည့်အတွက် ဥရောပထိပ်သီးကလပ်အသင်းများက ယင်းစာချုပ်လျော်ကြေးကို ပေးအပ်၍ ဒီလိုက်ကိုခေါ်ယူရန် စိတ်ဝင်စားနေကြသည်။

ကင်းထောက် မာဆယ်ဘောက်သည် နည်းပြ ဗန်ဟားလ်လက်ထက်ကတည်းကပင် ဒီလိုက်ကို စောင့်ကြည့်အကဲခတ်ရန် တာဝန်ယူထားရသူဖြစ်ပြီး ဒီလိုက်ကလည်း မန်ယူထက် ၎င်း၏အေဂျက်အသင်းဖော် ဒီဂျောင် ပြောင်းရွှေ့တော့မည့် ဘာစီလိုနာထံသို့သာ ပြောင်းရွှေ့ခွင့်ရလိုလျက်ရှိသည်။

မန်ယူနည်းပြ ဆိုးလ်ရှားသည် လာမည့်နွေဈေးကွက်တွင် ထိပ်တန်းအဆင့် ဗဟိုခံစစ်မှူးတစ်ဦး ခေါ်ယူရန် စီစဉ်ထားပြီဖြစ်ပြီး အလားအလာကောင်းများကို ပိုင်ဆိုင်ထားသော ပါရမီရှင်ကစားသမားမျိုးကလွဲ၍ အခြားသော ကစားသမားများကို ခေါ်ယူရာတွင် ငွေကြေး အလွန်အကျွံ သုံးစွဲခြင်းမျိုး ဆောင်ရွက်သွားမည်မဟုတ်ဟုလည်း နည်းပြ ဆိုးလ်ရှားက ပြောကြားထားသည်။

E-11