News

POST TYPE

SPORTS

ဒီဂီယာကိုခေါ်ယူရန် ဇီဒန်း စီစဉ်နေသဖြင့် မန်ယူ အခက်ကြုံ
17-Mar-2019

မက်ဒရစ်၊ မတ် ၁၇

မန်ယူအသင်းသည် ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ၎င်းတို့၏ဂိုးသမား ဒီဂီယာကိုခေါ်ယူရန် တစ်ကျော့ပြန်လည် စီစဉ်လာသည့်အတွက် အခက်ကြုံနေရပြီဖြစ်ပြီး ဒီဂီယာအတွက် ပြောင်းရွှေ့ကြေးပမာဏကို ပေါင် ၄၅ သန်းအသုံးပြုရန် ရီးရဲလ်မက်ဒရစ်ဘက်က ရည်မှန်းထားလျက်ရှိကြောင်း Marca က ဖော်ပြထားသည်။

ဇီဒန်းသည် ရီးရဲလ်မက်ဒရစ်က ဆဲလ်တာဗီဂိုကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော စပိန်လာလီဂါပွဲစဉ်တွင် ကေလာနားဗတ်စ်ကို ပွဲထွက်ဂိုးသမားအဖြစ် နေရာပြန်ပေးခဲ့ပြီး ဒီဂီယာကို ခေါ်ယူနိုင်မည့်အခွင့်အရေးရရှိခဲ့မည်ဆိုပါက ကော်တွာကို ပြန်လည်ရောင်းထုတ်လိုက်ရန် ဇီဒန်းက စိတ်ကူးနေပြီလည်းဖြစ်သည်။

မန်ယူသည် လက်ရှိအချိန်တွင် ဒီဂီယာကို မူလစာချုပ်တွင်ပါရှိသော သဘောတူညီချက်ကို အသုံးပြု၍ သက်တမ်းတစ်နှစ် ထပ်တိုးထားပြီး တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့် ပေါင် ၃၅၀,၀၀၀ အထိ ရရှိနိုင်မည့် ငါးနှစ်သက်တမ်းစာချုပ်သစ်ကိုမူ ဒီဂီယာက ယခုအချိန်တိုင်သည်အထိ လက်မခံဘဲ ရှိနေဆဲဖြစ်သည်။

ဒီဂီယာသည် မန်ယူအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲပါဝင်ကစားခွင့် ဆုံးရှုံးခဲ့ပါက အသင်းပြောင်းရန် ဆုံးဖြတ်ချက်ချဖွယ်ရှိနေပြီး ရီးရဲလ်မက်ဒရစ်မှာ မန်စီးတီးတိုက်စစ်မှူး စတာလင်း၊ ချယ်လ်ဆီးတိုက်စစ်တောင်ပံကစားသမား ဟားဇတ်နှင့် စပါးကွင်းလယ်လူ အီရစ်ခ်ဆန်တို့ကိုလည်း ခေါ်ယူရန် စီစဉ်လျက်ရှိသည်။



  • VIA