News

POST TYPE

SPORTS

WTA Finals ရာသီသိမ်း တင်းနစ်ပြိုင်ပွဲတွင် ဆီဘဲလ်ကိုဗာ ဗိုလ်စွဲ
01-Nov-2016 tagged as တင်းနစ်

စင်ကာပူ၊ အောက်တိုဘာ ၃၁

စင်ကာပူနိုင်ငံတွင် ကျင်းပပြီးစီးသွားခဲ့သည့် WTA Finals ရာသီသိမ်း တင်းနစ်ပြိုင်ပွဲတွင် ဆလိုဗက်ကီးယား တင်းနစ်မယ် ဆီဘဲလ်ကိုဗာက ကမ္ဘာ့အဆင့်တစ် နေရာတွင် ရပ်တည်နေသည့် ဂျာမနီ တင်းနစ်မယ် အန်ဂျလစ်ခါဘာကို ၆-၃၊ ၆-၄ ဖြင့် ပွဲလတ်နှစ်ပွဲပြတ် အနိုင်ယူ ဗိုလ်စွဲသွားခဲ့ကြောင်း Mail Online က ဖော်ပြထားသည်။

WTA Finals ရာသီသိမ်း တင်းနစ်ပြိုင်ပွဲကို ကမ္ဘာ့အဆင့်တစ်မှ အဆင့်ရှစ်အတွင်း ရပ်တည်ခွင့်ရခဲ့သည့် တင်းနစ်မယ်ရှစ်ဦး ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကာ အဆိုပါ တင်းနစ်မယ် ရှစ်ဦးကို လေးဦးစီ ပါဝဝင်သည့် အုပ်စုနှစ်ခု ခွဲခြား၍ ကျင်းပခဲ့ခြင်း ဖြစ်သည်။

ဆီဘဲလ်ကိုဗာသည် အုပ်စုပတ်လည် အဆင့်တွင် နိုင်ပွဲတစ်ပွဲသာ ရယူ၍ နောက်တစ်ဆင့်သို့ ဆက်လက်တက်လှမ်းလာခဲ့ခြင်း ဖြစ်ကာ WTA Finals ရာသီသိမ်း တင်းနစ်ပြိုင်ပွဲတွင် အုပ်စုပတ်လည် အဆင့်၌ နိုင်ပွဲတစ်ပွဲသာ ရရှိ၍ ချန်ပီယံ ဖြစ်ခဲ့သော တင်းနစ်မယ် အရေအတွက်မှာ နှစ်ဦးတည်းသာ ရှိသေးသည်။

ဆီဘဲလ်ကိုဗာ မတိုင်မီတွင် WTA Finals ရာသီသိမ်း တင်းနစ်ပြိုင်ပွဲ၌ အုပ်စုပတ်လည် အဆင့်တွင် နိုင်ပွဲတစ်ပွဲသာ ရရှိပြီး အဆုံးသတ်၌ ဆုဖလား ဆွတ်ခူးရယူသွားနိုင်ခဲ့သည့် တင်းနစ်မယ်မှာ ပိုလန်တင်းနစ်မယ် ရတ်ဒ်ဝန်ဆကာ ဖြစ်သည်။

ဆီဘဲလ်ကိုဗာသည် အုပ်စုပတ်လည်အဆင့်၌ ခါဘာကိုအရေးနိမ့်ခဲ့ရသည့် ရှုံးကြွေးကို ဗိုလ်လုပွဲတွင် ပြန်ဆပ်လိုက်နိုင်ခြင်းဖြစ်ပြီး WTA Finals ရာသီသိမ်းတင်းနစ်ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲလိုက်သည့်အတွက် ဆီဘဲလ်ကိုဗာ၏ ၂၀၁၆ ခုနှစ် ရာသီသိမ်း ကမ္ဘာ့အဆင့် ရပ်တည်မှုမှာ အဆင့်ငါးသို့ မြင့်တက်သွားခဲ့ပြီလည်း ဖြစ်သည်။