News

POST TYPE

SPORTS

အိမ်ရှင်အသင်းနှစ်သင်းကို ရွေးချယ်တာက အမှားအယွင်းကင်းလိမ့်မယ်လို့ ယူဆမိပါတယ်
12-Feb-2019


ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

မန်ယူ - ပီအက်စ်ဂျီ
--------------------------------------
မန်ယူအတွက် ကံကြမ္မာက မျက်နှာသာပေးနေတယ်လို့ ဘောလုံးပွဲရေးရာ သုံးသပ်သူတွေကရော ဘောလုံးပရိသတ်တွေကပါ ယူဆနေကြပါတယ်။ နည်းပြ ဆိုးလ်ရှားလက်ထက်မှာ မန်ယူရဲ့ကစားပုံက တစ်ပွဲထက်တစ်ပွဲ ပိုပြီးပိုပြီး ကောင်းမွန်လာသလို စိတ်ဓာတ်ပိုင်းဆိုင်ရာယုံကြည်ချက်ကလည်း မြင့်တက်လာပါတယ်။ မန်ယူနဲ့ ပီအက်စ်ဂျီတို့ဟာ သမိုင်းကြောင်းတစ်လျှောက် ဥရောပပြိုင်ပွဲတွေမှာ အခုမှပဲ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ကြတာပါ။ ဆိုးလ်ရှားလက်ထက်မှာ မန်ယူက ပြိုင်ပွဲအရပ်ရပ် ၁၁ ပွဲဆက်တိုက် ရှုံးပွဲမရှိ ဖြတ်သန်းထားပြီး အဲ့ဒီပွဲစဉ် ၁၁ ပွဲမှာ ၁၀ ပွဲနိုင်၊ တစ်ပွဲသရေရလဒ်ကို မန်ယူက ရရှိပိုင်ဆိုင်ထားပါတယ်။ ပီအက်စ်ဂျီကလည်း ပြင်သစ်လီဂူးမှာ ပုံစံကောင်းတစ်ခုကို ထိန်းသိမ်းပြီး ချီတက်နေနိုင်ဆဲပါပဲ။ ဒါပေမဲ့ လိုင်ယွန်နဲ့ ဘော်ဒိုးတို့လို ကစားအားကောင်းတဲ့ပြိုင်ဘက်တွေနဲ့ ထိပ်တိုက်တွေ့ချိန်မှာ ပီအက်စ်ဂျီ ရုန်းကန်ခဲ့ရတာကိုတော့ သတိပြုသင့်ပါတယ်။ ပီအက်စ်ဂျီရဲ့ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ် နောက်ဆုံးငါးပွဲဖြတ်သန်းခဲ့မှုကိုကြည့်လိုက်ရင် သုံးပွဲရှုံး၊ တစ်ပွဲသရေ၊ တစ်ပွဲတည်းသာအနိုင်ရတဲ့ မှတ်တမ်းကိုသာ မြင်တွေ့ရမှာပါ။ ကာဗာနီနဲ့ နေမာတို့ မပါဝင်တာကြောင့် ပီအက်စ်ဂျီတိုက်စစ် အားနည်းနေမှာ ကျိန်းသေပါတယ်။ ဒီအခွင့်အရေးကို အမိအရ အသုံးချပြီး နောက်တစ်ဆင့်တက်ခွင့်ကို အရယူနိုင်အောင် မန်ယူ ကြိုးပမ်းရမှာပါ။ အိမ်ကွင်းမှာ အနိမ့်ဆုံးအဖြစ် နှစ်ဂိုးပြတ် ရလဒ်မျိုးကို ရယူနိုင်မှပဲ မန်ယူအတွက် အခြေအနေကောင်းဖို့ရှိပါတယ်။ ပေါ့ဂ်ဘာ၊ ရတ်ရှ်ဖို့ဒ်၊ မာတီရယ်လ်၊ လင်းဂတ်ဒ်နဲ့ ဆန်းချက်ဇ်တို့ဟာ နည်းပြ ဆိုးလ်ရှားလက်ထက်ကိုရောက်မှ ကစားပုံ ပိုကောင်းလာကြပါတယ်။ အသက်အရွယ်ရလာပြီဖြစ်တဲ့ ပီအက်စ်ဂျီခံစစ်မှူး သီယာဂိုဆေးလ်ဗားဟာ မန်ယူတိုက်စစ်မှူးတွေရဲ့မြန်နှုန်းမြင့်ကစားအားကို ပွဲချိန်ပြည့်ထိန်းချုပ်နိုင်ဖို့ မလွယ်လောက်ပါဘူး။ မန်ယူဟာ အနိုင်ရလဒ်ကို အရယူသွားမှာ သေချာပါတယ်။ မန်ယူကို အားပေးပါ။

ရိုးမား - ပေါ်တို
-------------------------------
ရိုးမားဟာ မနှစ်ကဘောလုံးရာသီတုန်းက ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ထူးခြားချက်တစ်ရပ်လို့ ပြောရမှာက ဥရောပပြိုင်ပွဲ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ ပေါ်တိုကို ရိုးမားက တစ်ကြိမ်တစ်ခါမှကို မနိုင်ဖူးတာပါပဲ။ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွေ ပြန်မစခင်မှာတော့ ဒီနှစ်သင်းလုံးဟာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်လိုက်ကြရပါတယ်။ ရိုးမားက နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲအရပ်ရပ် ပွဲစဉ်လေးပွဲမှာ အမှတ်ပေးဇယားအောက်ခြေက ချီယေဗိုတစ်သင်းတည်းကိုသာနိုင်ပြီး သုံးပွဲအထိ နိုင်ပွဲပျောက်ထားပါတယ်။ ပေါ်တိုကလည်း နောက်ဆုံးကစားထားတဲ့ ပေါ်တူဂီလိဂ် အမှတ်ပေးပွဲစဉ်နှစ်ပွဲမှာ သရေရလဒ်နဲ့ချည်း ဖြတ်သန်းခဲ့ရလို့ ဖိအားတွေရောက်နေတယ် ဆိုရမှာပါပဲ။ ပေါ်တိုဟာ ၂၀၁၆-၁၇ ဘောလုံးရာသီတုန်းက ရိုးမားကို အခုလိုမျိုး ၁၆ သင်းရှုံးထွက်အဆင့်မှာ ရင်ဆိုင်ခဲ့ရပြီး နှစ်ကျော့ပေါင်းရလဒ် လေးဂိုး တစ်ဂိုးနဲ့ အနိုင်ယူကျော်ဖြတ်ခဲ့ဖူးပါတယ်။ ၂၀၁၄-၁၅ ဘောလုံးရာသီနောက်ပိုင်းမှာတော့ ပေါ်တိုက ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်အဆင့်ဆီ တက်ရောက်နိုင်ခြင်း မရှိတော့ပါဘူး။ အုပ်စုအဆင့်မှာတုန်းက ငါးပွဲနိုင်၊ တစ်ပွဲသရေရလဒ်ကိုရယူပြီး ပေါ်တိုက ရှုံးပွဲမရှိခဲ့ပေမယ့် အုပ်စုအဆင့်နဲ့ ရှုံးထွက်အဆင့်ကစားရတာမှာ ကွာဟချက်အများကြီးရှိတာကို သတိပြုရမှာပါ။ ရိုးမားဟာ အုပ်စုအဆင့်တုန်းက အိမ်ကွင်းမှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့ရတဲ့တစ်ပွဲကလွဲရင် ကျန်နှစ်ပွဲလုံးကို ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ ပေါ်တိုဟာ သရေတစ်မှတ်အတွက်ပဲ ဦးတည်ပြီး တိုက်ပွဲဝင်သွားမှာပါ။ ဂျက်ကို၊ ပက်ထရစ်ရှစ်ခ်နဲ့ အယ်လ်ရှာရာဝီတို့ ဦးဆောင်တဲ့ ရိုးမားတိုက်စစ်ဟာ ပေါ်တိုကို တစ်ခါမှ အနိုင်မရဖူးတဲ့ မှတ်တမ်းဆိုးကို ချေဖျက်ပြနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ ပေါ်တိုကို အဝေးဂိုးပေးကြည့်မယ်ဆိုရင်တောင် ရိုးမားအနိုင် ၂-၁ ကတော့ ပြေးမလွတ်လောက်ပါဘူး။ ရိုးမားကို ရွေးချယ်လိုက်ကြရအောင်။