News

POST TYPE

SPORTS

ဟယ်ရီကိန်းနဲ့ အယ်လ်လီတို့ မကစားနိုင်သေးပေမယ့် နိုင်ပွဲတွေဆက်နေဆဲဖြစ်တဲ့ စပါး
11-Feb-2019


စပါး ၃ - ၁ လက်​စတာ

စပါးဟာ ၄-၂-၃-၁ ကစားကွက်​နဲ့ ပွဲထွက်​လာခဲ့ပြီး ဂိုးသမား​နေရာမှာ လိုရစ်​၊ ​နောက်​တန်းမှာ ထရစ်​ပီယာ၊ ဆန်းချက်​၊ဗာတွန်​ဂန်နဲ့ ဒန်​နီရို့စ်၊ ကွင်းလယ်​ခံစစ်​မှာ ဟယ်​ရီဝင့်​ခ်​နဲ့ အိုလီဗာ စကစ်​ပ်​၊ ကွင်းလယ်​တိုက်​စစ်​မှာ ဆစ်​ဆိုကို၊ အဲရစ်​ဆင်​နဲ့ ဆွန်​​ဟောင်​မင်၊ အ​ထောင်​တိုက်​စစ်​မှူးအဖြစ်​ ဖာနန်​ဒို ​လော်​ရန်​​တေး တို့ကိုအသုံးပြုသွားခဲ့ပါတယ်​။

လက်​စတာဟာ ၄-၂-၃-၁ ကစားကွက်​ကို အသုံးပြုလာခဲ့ပြိး ဂိုးသမား​နေရာမှာ ရှမိုက်​ကယ်​၊ ​နောက်​တန်းမှာ ရီကာဒိုပီရီရား၊ အီဗန်​၊ မက်​ဂွီ​ယေးနဲ့ ဘင်​ချီဝဲလ်​၊ ကွင်းလယ်​ခံစစ်​မှာ တိုင်းလီမန်းစ်​နဲ့ အန်​ဒီဒီ၊ ကွင်းလယ်​တိုက်​စစ်​ပိုင်းမှာ ဂီဇယ်​၊ ဂျိမ်းမက်​ဒီဆင်​၊ ဘားနတ်​စ်​နဲ့ အ​ထောင်​တိုက်​စစ်​မှူးအဖြစ်​ ဂ​ရေးတို့ကို ပွဲထုတ်သွားခဲ့ပါတယ်။

ပွဲစကတည်းက စပါးဟာ လျင်​လျင်​မြန်​မြန်​နဲ့ တိုက်​စစ်​ဆင်​ကစားခဲ့ပြီး လက်​စတာခံစစ်​ကို ဖိအား​ပေးခဲ့ပါတယ်​။ လက်​စတာ ကစားကွက်​မတည်​နိုင်​​သေးချိန်​မှာပဲ စပါးက ကွင်းတဝက်​​လောက်​အထိ ဖိကစားနိုင်​ခဲ့ပါတယ်​။ ပွဲချိန်​ ၈ မိနစ်​အ​ရောက်​မှာ ကွင်းတစ်ဝက်​​ကျော်​​လောက်​က လက်​စတာ ပြစ်​ဒဏ်​​ဘောကန်​ခွင့်​ရရှိခဲ့ပြီး မက်​ဒီဆင်​ ကန်​တင်​​ပေးရာမှာ မက်​ဂွီ​ယေး ​ခေါင်းတိုက်​ချက်​​ကောင်းမွန်​ခဲ့​ပေမယ့်​ စပါးဂိုးသမား လိုရစ်​ ပုတ်​ထုတ်​ကာကွယ်​နိုင်​လိုက်​ပါတယ်​။ 

စပါးကလည်း ဒန်​နီရို့စ့်​နဲ့ ဆွန်​​ဟောင်​မင်​တို့ရဲ့ ဘယ်​​တောင်​ပံက​နေ ထိုး​ဖောက်​ဂိုးသွင်းဖို့ ကြိုးစား​နေခဲ့​ပေမယ့်​ မက်​ဂွီ​ယေးဦး​ဆောင်​တဲ့ လက်​စတာခံစစ်​ကို ​ကျော်​ဖြတ်​နိုင်​ဖို့ ခက်​ခဲ​နေခဲ့ပါတယ်​။ ပွဲကစားချိန်​ ၁၆မိနစ်​အ​ရောက်​မှာ လက်​စတာဂိုးဧရိယာအတွင်း လက်​စတာ​နောက်​ခံလူ မက်​ဂွီ​ယေးနဲ့​ဘောလုံးယှဉ်​လှဖို့ ကြိုးစားရင်း  စပါးတိုက်​စစ်​ကစားသမား ဆွန်​​ဟောင်​မင်​ လဲကျခဲ့​ပေမယ့်​ ကွင်းလယ်​ဒိုင်​ မိုက်​ကယ်​အိုလီဗာက ဆွန်​​ဟောင်​မင်​ ဟန်​​ဆောင်​လှဲချတယ်​လို့သတ်​မှတ်​ပြီး အဝါကတ်​ပြားသာ ပြသသတိ​ပေးခဲ့ပါတယ်​။ 

လက်​စတာဘက်​ကလည်း ဂိုးရနိုင်​​လောက်​တဲ့ အခွင့်​အ​ရေးတချို့ရရှိခဲ့​ပေမယ့်​ အဆုံးသတ်​ပိုင်းညံ့ဖျင်း​နေခဲ့လို့ ဦး​ဆောင်​ဂိုးနဲ့ ​ဝေးကွာ​နေခဲ့ပါတယ်​။ ၃၃မိနစ်​အ​ရောက်​မှာ​တော့ အိမ်​ရှင်​စပါးတို့ ဦး​ဆောင်​ဂိုးရရှိသွားခဲ့ပြီး ​အဲရစ်​ဆင်​ရဲ့ ​ဖြတ်​တင်​​ဘောကို ဂိုး​ရှေ့မှာရှိ​နေတဲ့ ဆန်းချက်​က အနီးကပ်​​ခေါင်းတိုက်​သွင်းယူသွားခဲ့တာဖြစ်​ပါတယ်​။ 

ဒီသွင်းဂိုးမှာ ဆန်းချက်​ အနည်းငယ်​လူကျွံ​နေခဲ့လို့ လက်​စတာကစားသမား​တွေ ​စောဒကတက်​ခဲ့ကြ​ပေမယ့်​ ကွင်းလယ်​ဒိုင်​က လျစ်​လျူရှုခဲ့လို့ လက်​စတာ နစ်​နာခဲ့ရပါတယ်​။ ဂိုး​ပေးလိုက်​ရတဲ့ လက်​စတာဟာ တိုက်​စစ်​ကို ပိုမိုလိုက်​ပါကစားခဲ့​ပေမယ့်​ မက်​ဒီဆင်​ ၊ ဘားနတ်​စ်​ တို့ အဆုံးသတ်​အားနည်းချက်​​တွေ​ကြောင့်​ ​ချေပဂိုးနဲ့ ​ဝေးကွာ​နေခဲ့ပြီး ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်​။

ဒုတိယပိုင်းမှာလည်း လက်​စတာဟာ ​ချေပဂိုးရဖို့ ဆက်​လက်​ဖိအား​ပေးလာခဲ့ပြီး ၅၈ မိနစ်​အ​ရောက်​မှာ စပါးဂိုးဧရိယာအတွင်း လက်​စတာကစားသမား မက်​ဒီဆင်​လဲကျခဲ့လို့ ကွင်းလယ်​ဒိုင်​က ပင်​နယ်​တီပြစ်​ဒဏ်​​ဘော သတ်​မှတ်​​ပေးခဲ့ပါတယ်​။ ဒီပင်​နယ်​တီကို မက်​ဒီဆင်​ကပဲ တာဝန်​ယူကန်​သွင်းခါနီးမှ ဂ​ရေးအစား ဗာဒီက လူစားဝင်​လာခဲ့လို့ မက်​ဒီဆင်​က ဗာဒီကို ​ကန်​ခွင့်​​ပေးခဲ့ပါတယ်​။
ကံဆိုးစွာနဲ့ပဲ ဗာဒီရဲ့ ကန်​သွင်းချက်​ကို စပါးဂိုးသမား လိုရစ်​ ပုတ်​ထုတ်​ ကာကွယ်​သွားနိုင်​ခဲ့ပြီး ​ထောင့်​ကန်​​ဘောနဲ့သာ ​ကျေနပ်​ခဲ့ရပါတယ်​။ ​ဗာဒီသာ ဂိုးဝင်​​အောင်​ကန်​နိုင်​ခဲ့ရင်​ ပထမဆုံးထိချက်​နဲ့ သွင်းဂိုးရယူနိုင်​တဲ့ စံချိန်​တင်​နိုင်​မှာဖြစ်​ပါတယ်​။ ပင်​နယ်​တီက​နေ ဂိုးမ​ပေးခဲ့ရလို့ စပါးရဲ့စိတ်​ဓာတ်​ပိုင်းဆိုင်​ရာဟာ အမြင့်​ကို​ရောက်​ရှိသွားခဲ့ပြီး ပြန်​လည်​တိုက်​စစ်​ဆင်​ကစားလာခဲ့ရာ ၆၃ မိနစ်​အ​ရောက်​မှာပဲ ဒုတိယဂိုးရရှိသွားခဲ့ပါတယ်​။ 

လက်​စတာ​နောက်​ခံလူရဲ့ ​ဘောလုံးရှင်းထုတ်​ပုံမ​သေသပ်​ခဲ့လို့ စပါး ​ဘောလုံးရာရှိသွားခဲ့ပြီး ဆွန်​​ဟောင်​မင်​ ရဲ့​ပေးပို့မှုကို အဲရစ်​ဆင်​က ဂိုးဧရိယာထိပ်​က​နေ လက်​စတာဂိုးသမား ရှမိုက်​ကယ်​ရဲ့ ဘယ်​ဘက်​​ထောင့်​ကို အပြင်းကန်​သွင်းသွားခဲ့တာဖြစ်​ပါတယ်​။ ဒီသွင်းဂိုးဟာ အဲရစ်​ဆင်​ရဲ့ ဂိုးဧရိယာအပြင်​က​နေ သွင်းယူခဲ့တဲ့ဂိုး ၂၀ ​ပြည့်​​မြောက်​ခဲ့ပြီး ၂၀၁၃ ​နောက်​ပိုင်း ပရီးမီးယားလိဂ်​မှာ ဘယ်ကစားသမားထက်​မဆို သာလွန်​​သွားခဲ့ပါတယ်​။ 

လက်​စတာကလည်း ​ချေပဂိုးရဖို့ ပြန်​လည်​ကြိုးစားလာခဲ့ပြီး ၇၆ မိနစ်​အ​ရောက်​မှာ ညာ​တောင်​ပံက ရီကာဒိုပီရီရားရဲ့ အနိမ့်​​ဘောဖြတ်​​ပေးမှုကို ဗာဒီက အနီးကပ်​ပိတ်​သွင်းပြီး ​ချေပဂိုးတစ်​ဂိုးပြန်​လည်​ရယူနိုင်​ခဲ့လို့ ပြိုင်​ပွဲဟာ ပိုမိုအကြိတ်​အနယ်​ရှိလာခဲ့ပါတယ်​။ ​ချေပဂိုးရသွားတဲ့ လက်​စတာဟာ ဒုတိယ​ချေပဂိုးထပ်​မံရရှိ​ရေးအတွက်​ တစ်​သင်းလုံးနီးပါး တိုက်​စစ်ကိုလိုက်​ပါကစား​လာခဲ့ပါတယ်။ 

ပွဲကစားချိန်​ မိနစ်​ ၉၀ အ​ရောက်​မှာ စပါးခံစစ်​ဧရိယာအတွင်းက ဆစ်​ဆိုကို ရှင်းထုတ်​လိုက်​တဲ့​ဘောလုံးကို ဆွန်​​ဟောင်​မင်​ တစ်ကိုယ်​​တော်​ဆွဲ​ပြေးပြီး လက်​စတာဂိုးသမား ရှမိုက်​ကယ်​နဲ့ ရင်​ဆိုင်​အ​တွေ့မှာ အပိုင်​ကန်​သွင်းကာ အနိုင်​​သေချာ​စေမယ့်​ တတိယဂိုးကို ရယူ​ပေးသွားခဲ့ပါတယ်​။ ဒီနိုင်​ပွဲ​ကြောင့်​ ရမှတ်​ ၆၀ နဲ့ အဆင့်​ ၃ ​နေရာမှာ စပါးက ဆက်​လက်​ရှိ​နေပြီး မန်​စီးတီးနဲ့ လီဗာပူးကို ဆက်​လက်​ဖိအား​ပေးနိုင်​ခဲ့ပါတယ်​။